Jun 1, 2013

အလွတ်မရရင် ဘာဖြစ်တတ်သလဲ

ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးသမားတစ်ဦးဟာ ပရိသတ်ထောင်သောင်းကို ဟောပြောနေပါတယ်။ “ကျနော့်ဇနီး မဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ခွင်မှာ နေခဲ့ရတဲ့အချိန်တွေဟာ ကျနော့်ဘဝရဲ့ အပျော်ဆုံး အချိန်တွေပါပဲ” … … လို့ ပြောပြီး စကားကို ခဏရပ်လိုက်တယ်။ ပရိတ်သတ်တွေ ဆွံ့အသွားကြတယ်၊ အသံအားလုံးတိတ်ဆိတ်ကုန်တယ်၊ သူတို့လေးစားတဲ့ ဒီနိုင်ငံရေးသမားဟာ ဘာလဲ ဘယ်လိုလဲ??? ခဏနေတော့ သူက ဆက်ပြောတယ်.. … “အဲဒီမိန်းမကတော့ ကျနော့် အမေပါပဲ” အော်…ဒီလိုကိုး…ဟားဟား ရွှီး ..ဖြောင်း…ဖြောင်း… ဒီစကားကို ပရိသတ် တစ်ယောက်ဖြစ်တဲ့ ကိုထုံ သဘောကျသွားတယ်။ အိမ်ပြန်တော့ သူ့မိန်းမကို ပြောကြည့်မယ်ဆိုပြီး မီးဖိုထဲကို သွားတယ်။ အရက်နှစ်ခွက်လောက် အရင်သောက်လိုက်တယ် ပြီးတော့ ပြောတယ်… … “င့ါဇနီး မဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ခွင်မှာ နေခဲ့ရတဲ့အချိန်တွေဟာ င့ါဘဝရဲ့ အပျော်ဆုံး အချိန်တွေပါပဲ” … သူ အဲဒီလို ပြောပြီး စကားကို ခဏရပ်လိုက်တယ်… … … သူ့မိန်းမ မျက်နှာနီရဲလာတယ်၊ အသားတွေ တဆတ်ဆတ်တုန်လာတယ်။ ဒုတိယစကားကို ဆက်ပြောဖို့ ကိုထုံ စဉ်းစားတယ်၊ နဲနဲမူးနေတော့ စဉ်းစားလို့ မရဘူးဖြစ်နေတယ်… စဉ်းစားတယ် စဉ်းစားတယ်…။ ဘယ်လိုမှ စဉ်းစားလို့ မရတော့ သူ့ဟာသူ ညည်းတွားလိုက်တယ်… … “သူ ဘယ်သူလဲဆိုတာ ငါ မေ့နေပြီ”…တဲ့။ အဲ… အဲဒီနောက်တော့ လောကကြီး မှောင်အတိကျသွားတယ်။ ကိုထုံ သတိပြန်လည်လာတော့ ဆေးရုံကုတင်ပေါ်မှာ…။ ဘာတွေ ဖြစ်ခဲ့ပါလိမ့် ဆိုတာကို ပြန်တွေးကြည့်မိတော့ .... သူ တစ်ခုခု ပြောဖို့ စဉ်းစားတယ်၊ အဲဒီအချိန်မှာ သူ့မိန်းမလက်ထဲ ငရုပ်ကျည်ပွေ့ ကိုင်ထားတယ် ဆိုတာကို တဖြည်းဖြည်း သတိရလာပါတယ်။ အားလုံးနည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…

No comments:

Post a Comment