Jul 6, 2013

လယ်တီဆရာတော် ရဲ. လယ်တီဆုံးမစာ

ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။ နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။ ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။ အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း။ နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။ ဒေသနာထင်အလင်းရယ်နှင့်၊ နင်အဖျင်းပိုထက်သာပို။ သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊ နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်။ ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာတုန်းမှ မရုံးချင်လျှင် အရှုံးနင့်ပြင်ရှိသေးလေလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

အယူအဆ

တစ်ခါက တိုင်းပြည်နှစ်ပြည်မှာ ညီနောင်ဝမ်းကွဲ မင်းနှစ်ပါး အသီးသီးအုပ်ချုပ်လျှက်ရှိသတဲ့။ နောင်တော်မင်းသည် ညီတော်၏တိုင်းပြည်အား စစ်မက်ပြုပြီး သိမ်းပိုက်ဖို့ အမြဲကြံစည်နေတယ်။ တစ်နေ့မှာ လူသူလက်နက်အလုံးအရင်းဖြင့် မြို့အားဝန်းရံပြီး ညီတော်အား .. '' မေးခွန်း (၃)ခုမေးမည် ၊ မဖြေနိုင်က နိုင်ငံကိုသိမ်းမည်။ အားလုံးဖြေနိုင်လျှင် တပ်ရုတ်သိမ်း၍ ပြန်မည် …'' ဟု ရာဇသံပို့သည်။ ညီတော်မင်းလည်း ''မေးခွန်းအား မည်သူဖြေနိုင်မည်နည်း ၊ ဖြေနိုင်သူကို အိမ်ရှေ့စံနှင်း၍ သူကောင်းပြုမည်'' ဆိုပြီးကြေငြာတာပေါ့။ ဒါပေမယ့် ဘယ်သူမျှ မဖြေ၀ံ့ကြဘူးတဲ့ ။ ကိုယ်ဖြေလို့မှားသွားရင်ဖြင့် ဒုက္ခများမှာကိုး .. ။ အဲဒီအချိန်မှာပဲ အမူးသမားတစ်ယောက် စင်ပေါ်တက်လာပြီး ''မေးခွန်းအား ကျုပ်ဖြေမည် ၊ မေးပါ ..'' လို့ ဆိုသတဲ့။ အားလုံးကလည်း အံ့အားသင့်နေကြတာပေါ့။ မဟာပညာရှိကြီး ဆိုပြီး အားကိုးတကြီးနဲ့ ကြည့်နေကြတယ်။ မေးခွန်းတွေကအသံတိတ်တွေ ၊ အမူအရာနဲ့ပဲမေးတယ်။ ပထမမေးခွန်းကိုစမေးတယ် - မေးတဲ့သူက အမူးသမားကို လက်ငါးချောင်းထောင်ပြတယ်။ အမူးသမားက လက်ဆယ်ချောင်း ပြန်ထောင်ပြလိုက်တယ်။ အဖြေမှန်သွားပါတယ် .. ဒုတိယမေးခွန်းက - ရင်ဘတ်ကို လက်ဝါးနဲ့ပုတ်ပြတယ်။ အမူးသမားက ရင်ဘတ်ကိုကော ကျောကိုကော ပြန်ပုတ်ပြလိုက်တယ်။ ဒုတိယအဖြေ မှန်သွားပြန်ပါတယ် .. တတိယမေးခွန်းမှာတော့ - မေးတဲ့သူက အမူးသမားကို လက်သီးလက်မောင်း တန်းပြတယ်။ အမူးသမားက ပုဆိုးပြန်လှန်ပြလိုက်တယ်။ ဒီလိုနဲ့ အဖြေအားလုံးမှန်သွားပါတယ်။ ၀ိုင်းထားတဲ့စစ်တပ်ကြီးလည်း ကတိအတိုင်း ပြန်ရုတ်သွားတယ်။ တိုင်းသူပြည်သားတွေကလည်း ချီးကျူး ၊ ဘုရင်ကလည်း အမူးသမားကို အိမ်ရှေ့အရာနှင်းတာပေါ့။ နန်းတွင်းက ပညာရှိအမတ်တွေဟာ သူတို့တောင် မဖြေနိုင်တဲ့ မေးခွန်းတွေရဲ့ အဓိပ္ပါယ်ကို သိချင်လွန်းတဲ့အဆုံး အသစ်စက်စက် မဟာပညာရှိ အိမ်ရှေ့စံ ကိုယ်တော်လေးထံ ချည်းကပ်မေးမြန်းကြတာပေါ့။ ဒီတော့ မဟာပညာရှိကိုယ်တော်လေးက ရှင်းပြတယ် .. '' အလကားပါဗျာ .. ဒီကောင်တွေက ကျုပ်ကို အရက်သမားမှန်းသိလို့ ထင်တယ် '' ''မင်း တစ်နေ့ကို အရက်ငါးလုံး သောက်နိုင်လား'' လို့မေးတယ် ၊ ကျုပ်ကလည်း ''ငါးလုံးမကဘူး ဆယ်လုံးကုန်အောင်သောက်နိုင်တယ်' 'လို့ ပြန်ဖြေလိုက်တယ်။ ဒီတော့ ''မင်းဒီလိုသောက်တာ ရင်မပူဘူးလား'' ဆိုပြီး ရင်ဘတ်ကိုပုတ်ပြတယ်။ ကျုပ်လည်း ''ရင်တင်မကဘူး ကျောပါပူတာပေါ့ကွာ'' ဆိုပြီးပြန်ပြောလိုက်တယ်။ နောက်ဆုံး ''မင်းဒီလောက်မိုက်တာ ငါနဲ့ချမလား'' ဆိုပြီးလက်သီးလာထောင်ပြတယ်။ ကျုပ်လည်း ''မင်းနဲ့တော့မချဘူး မင်းတို့ကို ဒါပဲထင်တယ်ကွာ'' ဆိုပြီး ပုဆိုးလှန်ပြလိုက်တာ သူတို့ဘာမှပြန်မပြောရဲတော့ဘူးလေ .. ဟား ဟား '' မေးခွန်းတွေရဲ့အဓိပ္ပါယ်အမှန်ကဒီလို .. (၁) မင်းတို့ဘုရင်က ငါးပါးသီလနဲ့ပြည့်စုံလား .. ။ (အမူးသမားက လက်ဆယ်ချောင်းပြန်ထောင်ပြလိုက်တော့ '' ငါးပါးတင်မကဘူး ဆယ်ပါးသီလနဲ့ပါ ပြည့်စုံတယ်'' လို့ထင်သွားတာ) (၂) မင်းတို့ဘုရင်က တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်သလား .. ။ (အမူးသမားက ရင်ဘတ်ကော ကျောကုန်းကော ပုတ်ပြလိုက်တော့ ''ကျောသားရင်သား မခွဲခြားပဲ စောင့်ရှောက်တယ်'' လို့ထင်သွားတယ်) (၃) မင်းတို့ဘုရင်က လက်ရုံးရည်နဲ့ ပြည့်စုံလား .. ။ (ပုဆိုးလှန်ပြလိုက်တာကို '' လက်ရုံးရည်တင်မကဘူး ၊ နှလုံးရည်နဲ့ပါပြည့်စုံတယ်'' လို့ ယူဆသွားတာကိုး ...)

ပိုးစုန်းကြူး

တောင်ပံကွန့်မြူး၊ ပိုးစုန်းကြူး၊ အထူးတဆန်းပင်၊ အရောင်တွဲ့တွဲ့၊ ထွန်းလင်းခဲ့၊ မီးရဲ့ပမာသွင်။ ပျင်းရိလျက်သာ၊ အိပ်နေပါ၊ ရောင်ဝါမပေါ်လွင်။ ထိုနည်းတူစွာ၊ လူတို့မှာ၊ ပမာနှိုင်းဆင်ခြင်။ ကိုယ်နှင့်ဆိုင်ဘိ၊ အလုပ်ရှိ၊ လျှံငြိဂုဏ်ရောင်ထင်။ ကမ္ဘာတိုက်ဘောင်၊ အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။ ပျင်းပျင်းရိရိ၊ အိပ်နေဘိ၊ မရှိအလုပ်ခွင်။ မှေးတေးမှိန်တိမ်၊ သေးသိမ်သိမ်၊ အရှိန်ကင်းလိမ့်ပင်။ လူဖြစ်ပါခဲ့၊ အရှိန်မဲ့၊ တကယ့်နွားအသွင်။ အပျင်းရောဂါ၊ စွဲကပ်လာ၊ မြန်စွာကုဖို့ပြင်။ မကုစားပဲ၊ အပျင်းစွဲ၊ ငမွဲငနုံပင်။ ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)

ယာယီရှုံးနိမ့်သွားတဲ့ အမှန်တရားဟာ ယုတ်ညံ့တဲ့ အောင်ပွဲထက် စွမ်းအားပိုရှိပါတယ်။

ယာယီရှုံးနိမ့်သွားတဲ့ အမှန်တရားဟာ ယုတ်ညံ့တဲ့ အောင်ပွဲထက် စွမ်းအားပိုရှိပါတယ်။ ၁၉၆၄-ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာတင်လူသာကင်း နိုဘယ်ဆုယူစဉ်က ပြောကြားသည့်မိန့်ခွန်း။

"ခင်ပွန်းယောက်ျား ၁.ဝဗားရှင်း"

သို့/ နည်းပညာ အကျော်အမှော်များရှင် ကျွန်မအကူအညီတစ်ခု တောင်းလိုက်ပါတယ်။ မနှစ်က "ချစ်သူရည်းစား ၅.ဝဗားရှင်း"ကို "ခင်ပွန်းယောက်ျား ၁.ဝဗားရှင်း"အဖြစ် ကျွန်မတိုးမြှင့်ပြီးနောက် စစ်စတန်(System)တချို့ အခြေအနေဆိုးလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ ဖန်ရှင်ဖြစ်ပါတယ်။ ဒီဖန်ရှင်နှစ်ခုဟာ "ချစ်သူရည်းစား ၅.ဝဗားရှင်း"တုန်းက ဘာပြဿနာမှ မရှိခဲ့ပါဘူး။ အဲဒီအပြင် "ခင်ပွန်းယောက်ျား ၁.ဝ"ဟာ သုံးလို့ကောင်းတဲ့ ဆော့ဝဲလ်တချို့ကိုလဲ ပျက်စီးစေခဲ့ပါတယ်။ ဥပမာ-- "ရိုမန်တစ် ၉.၅"နဲ့ "ဂရုစိုက်မှု ၆.၅"တို့ဖြစ်ပါတယ်။ အဲဒီဆော့ဝဲလ်တွေကို "ဘောလုံးပွဲ ၅.ဝ"၊ "NBA ဘတ်စကက်ဘော ၃.ဝ"နဲ့ "ဂေါက်ပြိုင်ပွဲ ၄.၁"တို့နဲ့ ဝင်ရောက်အစားထိုးခဲ့ပါတယ်။ "စိတ်ချင်းစိတ်နားလည်မှု ၈.ဝ"ဟာလည်း လုံးဝ အလုပ်မလုပ်တော့ပါဘူး။ နောက်ပြီး "အိမ်အလုပ် ၂.၆"ကို ဖွင့်လိုက်တာနဲ့ စစ်စတန်တစ်ခုလုံး ဟမ်းသွားပါတယ်။ "တပျစ်တောက်တောက် ၅.၃"ကို ရမ်း(run)ပြီး ကျွန်မဖြေရှင်းခဲ့လည်း အချည်းနှီးပါပဲ။ ဒါကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဖြေရှင်းပေးစေချင်ပါတယ်။ မှ/ စိုးရိမ်ပူပန်သူတစ်ဦး ----------- သို့/ စိုးရိမ်ပူပန်သူ ပထမဦးဆုံး သင့်ကိုသတိပေးချင်တာက "ချစ်သူရည်းစား ၅.ဝ"ဆိုတာ ဖြေဖျော်တဲ့ဆော့ဝဲလ်တစ်စုံသာဖြစ်ပြီး "ခင်ပွန်းယောက်ျား ၁.ဝ"က Operating system ဖြစ်တယ်။ http://ငါ့ကိုနင်ချစ်ခဲ့တယ်.htmlဆိုတဲ့/ ဆိုက်ထဲဝင်ပြီး "မျက်ရည် ၆.၂" နဲ့ "အပြစ်ရှိတယ် ၃.ဝ"ဆိုတဲ့ဆော့ဝဲလ်ကို တောင်းလုပ်ချပြီး ရမ်းလိုက်ပါ။ တကယ်လို့ ဒီဆော့ဝဲလ်တွေ အလုပ်လုပ်တယ်ဆိုရင် "ခင်ပွန်းယောက်ျား ၁.ဝ"က အလိုလိုနေရင်း "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ဖန်ရှင်ကို လည်ပတ်လိမ့်မယ်။ တစ်ခုသတိထားရမှာက "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ဖန်ရှင်ကို လိုအပ်တာထက် ပိုမသုံးမိပါစေနဲ့။ တကယ်လို ပိုသုံးခဲ့ရင် "ခင်ပွန်းယောက်ျား ၁.ဝ"က "စိတ်တိုဒေါသ၂.၅"နဲ့ "အိမ်မကပ် ၇.ဝ"၊ "ဟိုတယ်တက် ၆.၁"ဆိုတဲ့ ဆော့ဝဲလ်တွေကို အလိုလိုနေရင်း ရမ်းမိတတ်တယ်။ "ဟိုတယ်တက် ၆.၁"တဲ့ ဆော့ဝဲလ်က လုံးဝ သုံးလို့မကောင်းတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်တယ်။ ဒီဆော့ဝဲလ်က "အငယ်အနှောင်း"ဆိုတဲ့ စမ်းသပ်ဖိုင်(testing file)ကို အလိုလိုနေရင်း တောင်းလုပ်ချတတ်တယ်။ နောက်ပြီး "ယောက္ခမ ၁.ဝ"ဆိုတဲ့ ဆော့ဝဲလ်ကိုလည်း တောင်းလုပ်မချမိပါစေနဲ့။ (ဒီဆော့ဝဲလ်က ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး မထင်ရင်မထင်သလို သင့်OSထဲရှိသမျှကို အပိုင်ယူသွားလိမ့်မယ်) နောက်ပြီး နောက်ထပ်"ချစ်သူရည်းစား ၅.ဝ"အသစ်ကို ထပ်မတပ်ဆင်မိပါစေနဲ့။ ဒီဆော့ဝဲလ်ကို ကျွန်တော်တို့ လက်မခံသလို "ခင်ပွန်းယောက်ျား ၁.ဝ"နဲ့လည်း အံဝင်ခွင်ကျ မဖြစ်စေပါဘူး။ မမျှော်လင့်နိုင်တဲ့ မှားယွင်းမှုတွေ ဖြစ်စေတတ်ပါတယ်။ နောက်ဆုံးပြောရရင် "ခင်ပွန်းယောက်ျား ၁.ဝ"က အရမ်းကောင်းတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်ဉာဏ်(Memory)အကန့်အသတ်ကြောင့် အချိန်တိုတိုအတွင်းမှာ ပရိုဂရမ်အသစ်တွေကို သူ လက်မခံနိုင်သေးပါဘူး။ ဒါကြောင့် "အစားအသောက်ကောင်း ၃.ဝ" ၊ "အပြုအစု၊ ဆက်စီ ၇.၇"ဆိုတဲ့ plug in နှစ်ခုထပ်ဆက်ပေးပြီး မှတ်ဉာဏ်နဲ့ စစ်စတန်ကို တိုးချဲ့ပေးလိုက်ပါ။ ကံကောင်းပါစေ credit Siam Tai Mai

ပက္ခဒိန-ပြက္ခဒိန်

ပြက္ခဒိန်ဆိုသည်မှာ နေ လ ကမ္ဘာတို့၏ သွားလာရွေ့လျှားမှုကို နောက်မှလိုက်၍ မှတ်တမ်းတင်ထားသော အရာတစ်ခုဖြစ်သည်။ ပြက္ခဒိန်တစ်ခု၏ အခြေခံမူလ တွက်ချက်ထားမှုသည် အဓိကအားဖြင့် နေနှင့်ကမ္ဘာကို အခြေခံ၍ တည်ဆောက်ထားသည်။ မြန်မာပြက္ခဒိန်သည် လကိုအခြေခံထားသည်။ ယခုနိုင်ငံတကာသုံး အင်္ဂလိပ်ပြက္ခဒိန်သည် အင်္ဂလိပ်ပြက္ခဒိန် မူရင်းမဟုတ်ပါ။ အီဂျစ်ပြက္ခဒိန်ကိုယူ၍ ရောမနိုင်ငံ ပုတ်ရဟန်းမင်းကြီး ဂါရီဂိုရီက အတတ်နိုင်ဆုံး အမှား အယွင်းနည်းအောင် ပြုလုပ်ခဲ့သည်။ ကမ္ဘာသည် နေကိုတပတ်ပတ်မိရင် (၃၆၅) ရက် (၅) နာရီ (၄၈) မိနစ် (၄၆.၄) စက္ကန့်ထိကြာသည်။ သို့သော် တနှစ်၏ ရက်ကို တွက်ချက်ရာတွင် လွယ်ကူအောင် (၃၆၅) ရက်ဟု ယေဘုယျ သတ်မှတ်ထားခဲ့သည်။ ကျန်တဲ့ နာရီကို (၄) နှစ်တစ်ကြိမ်၊ မိနစ်ကို နှစ် (၁၀၀) တစ်ကြိမ်၊ စက္ကန့်ကို နှစ် (၁၀၀၀) တစ်ကြိမ်ကျစီ လိုနေတဲ့ နာရီ၊ မိနစ်၊ စက္ကန့်များကို ထပ်ဖြည့်ပေးရသည်။ ကမ္ဘာသည် မိမိဝင်ရိုးပေါ်တွင် တရက်လျှင် (၂၄) နာရီ၊ (၃၆၀ံ) ဟုဆိုရစေကာမူ ကမ္ဘာသည် တစက္ကန့်လျှင် (၁၈) မိုင်နှုန်းဖြင့် နေကိုလှည့်ပတ်နေသောကြောင့် (၃၆၀ံ) သို့မဟုတ် (၂၄) နာရီ၊ (၄) မိနစ်ကျ နေ၏ တရက်နှင့် ညီလာသည်။ (၁ံ) (၄)မိနစ်ကျ နေ့စဉ်အကြွေး ဆပ်နေရသည်။ ပိုနေပြီး မရေတွက်သည့် နာရီ၊ မိနစ်၊ စက္ကန့် များကို ပေါင်းယူပါက တနှစ်လျှင် (၁၁)ရက် ပိုထွက်လာသည်။ သို့အတွက် (၃)နှစ်တကြိမ် မြန်မာလတွေမှာ ၀ါထပ်ပေးရသည်။ ကမ္ဘာမြေကြီးက မိမိဝင်ရုံးစွန်းပေါ်မှာ လှည့်ပတ်နေခြင်းကို နေ့နှင့်ညဟုခေါ်သည်။ လသည် ကမ္ဘာမြေကို လှည့်ပတ်၍ တပတ်ပြည့်သောအချိန်ကို တလဟုခေါ်သည်။ ကမ္ဘာမြေကြီးက နေကို လှည့်ပတ်၍ တပတ်ပြည့်ခြင်းကို တနှစ်ဟုခေါ်သည်။ (ကိုပညာ-ဗန်းမော်)

ရဟန်းတော်များ နေ့လွဲညစာ အဘယ်ကြောင့်မစားအပ်သနည်း

ရဟန်းတော်များအဖို့ အစားအစာကို ဘုဉ်းပေးသုံးဆောင်တဲ့နေရာမှာ အစားအစာအတိုင်းအတာကိုရော၊ ကိုယ့်ဗိုက်အတိုင်းအတာကိုရော သိရှိပြီးသကာလ ဘုဉ်းပေးသုံးဆောင်ရပါတယ်။ မိမိရဲ့ သပိတ်၊ ပန်းကန်ထဲကို ကုန်နိုင်သလောက်သာထည့်ပြီး ထည့်သလောက် ကုန်အောင် ဘုဉ်းပေးသုံးဆောင်သင့်ပါမယ်။ အစားအစာကို ဆေးအဖြစ်မှတ်ယူပြီး အစာလည်းဆေး ဆေးလည်းအစာဖြစ်အောင် ဘုဉ်ပေးသုံးဆောင်ရပါမယ်။ တစ်ခါက ဘုရားရှင် ရဟန်းတော်များနှင့်အတူ တစ်နေရာကို ခရီးသွားစဉ် ဘုရားရှင်က “ရဟန်းတို့၊ နေ့လွဲညစာ မစားကြပါနဲ့၊ နေ့လွဲညစာမစားပဲ နေတာက ကျန်းမာရေးပိုကောင်းပါတယ်။ ဖျားမှု နာမှု ကင်းဝေးမယ်၊ စိတ်လန်းဆန်းမှုလည်းရရှိလာမယ်။ စွမ်းအင်တွေတိုးပွါးလာပြီး နေရထိုင်ရတာ သက်တောင့်သက်သာဖြစ်လာပါလိမ့်မယ်” လို့ပြောဘူးပါတယ်။ (ကီဋာဂိရိသုတ်၊ မဇ္ဈိမနိကာယ်) ဘုရားရှင်လက်ထက် အစောဦးကာလတွေတုန်းက ဘုရားရှင်ရဲ့ ဒီလိုနေ့လွဲညစာမစားဘို့ ဆုံးမစကားတွေကို လွယ်လွယ်ကူကူလက်ခံခဲ့ဟန်တော့ မတူပါဘူး။ မဇ္ဈိမနိကယ်၊ လဋုကိကောပမသုတ်ထဲမှာ ညစာမစားရတာနဲ့ပတ်သက်လို့ ရှင်ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးက ဘုရားရှင်ကို ဒီလို လျှောက်ခဲ့ဘူးပါတယ်။ “မြတ်စွာဘုရား၊ တပည့်တော်တို့တတွေဟာ အရင်တုန်းကဆိုရင် နေ့ရော ညပါ အစာအာဟာရတွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပါ။ အခု အရှင်ဘုရားက မစားနဲ့ဆိုတော့ တပည့်တော်တို့တတွေ စိတ်ဆင်းရဲမှု အင်မတန်ဖြစ်နေရပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော်တို့က အရှင်ဘုရားအပေါ်မှာ ချစ်၊ ကြောက်၊ ရိုသေခြင်းရှိကြလို့ အရှင်ဘုရားစကားကို နားထောင်ကာ ညစာ မစားကြပါဘူးဘုရား” တဲ့။ ဒီ့အပြင် ရဟန်းတော်များ ညစာစားခြင်းမှ ရှောင်ကြဉ်လိုက်လို့ ရရှိတဲ့အကျိုးတရားတွေကို ဒီလဋုကိကောပမသုတ်ထဲမှာ အကျယ်တ၀င့်ဖော်ပြထားပါတယ်။ အတော်လေး စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ဆန်ဈေး ဆီဆေးကြီးနေတဲ့ ယနေ့လိုခေတ်ကြီးမှာ ဘုရားရှင်ကသာ ရဟန်းတော်များကို ညစာမစားရ ဆိုတဲ့ ၀ိနည်းဥပဒေမထားခဲ့ဘူးဆိုရင် (ရဟန်းတော်တွေကို ညစာစားခွင့်ပြုထားခဲ့မယ်ဆိုရင်) အရုဏ်ဆွမ်းအတွက် တစ်ခါ ဆွမ်းခံထွက်၊ နေ့ဆွမ်းအတွက် တစ်ခါ ဆွမ်းခံထွက်၊ ညဆွမ်းအတွက် တစ်ခါဆွမ်းခံထွက်နေရတော့မှာပေါ့။ ဒီလိုသာ တစ်နေ့ကို ဆွမ်းခံ သုံးခါထွက်ရမယ်ဆိုရင် ရဟန်းတော်များဘက်ကလည်း မလွယ်ကူသလို ဆွမ်းလှူဒါန်းရမည့် ဒကာ ဒကာမများဘက်ကလည်း အင်မတန်ကြီးလေးတဲ့ တာဝန်ကြီးကို ထမ်းဆောင်ရတော့မှာပါ။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ဘုရားရှင်ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ်ကြာ ၄၅ ၀ါကြာနေပြီး အသက် ၈၀ အရွယ်မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်။ ဘုရားဖြစ်ပြီး ၄၅ နှစ်ထဲမှာ ပထမနှစ် ၂၀ မှာ ၀ိနည်းသိက္ခာပုဒ်တွေကို မပညတ်ရသေးပါဘူး။ ဆိုတော့ ၀ိနည်းစည်းကမ်းတွေ မရှိသေးဘူးပေါ့။ ဒီတော့ကား ညစာစားလိုတဲ့ရဟန်းတော်များ ညစာ စားကြမှာပါဘဲ။ ညစာအတွက် ဆွမ်းခံထွက်ရမှာ သေချာပါတယ်။ ဒီလိုညစာစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ညစာအတွက် ဆွမ်းခံထွက်ရတဲ့ဒုက္ခတွေကို ရှင်ဥဒါယီဆိုတဲ့ရဟန်းကြီး နောက်ပိုင်းမှာ သဘောပေါက်သွားပါတယ်။ ဆွမ်းခံထွက်ရတဲ့ဒုက္ခတွေကို သူကိုယ်တိုင်တွေ့ကြုံခဲ့ရတာကိုး။ ဒါကို ဒီလဋုကိကောပမသုတ်တော်မှာ ဒီလို မှတ်တမ်းတင်ခဲ့ပါသေးတယ်။ “အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ ရဟန်းတို့သည် ညဥ့်မှောင်မိုက်၌ ဆွမ်းခံလှည့်လည်ကြကုန်သည် ရှိသော် အညစ်အကြေးစွန့်ရာသို့လည်း ဝင်မိကြကုန်၏၊ ညွန်တွင်းသို့လည်း ကျကြကုန်၏၊ ဆူးရှိသော တွင်းကိုလည်း နင်းမိကြကုန်၏၊ အိပ်နေသော နွားမကိုလည်း တက်နင်းမိကြကုန်၏၊ ခိုးခဲ့ပြီးသောသူခိုး မခိုးရသေးသော သူခိုးတို့နှင့်လည်း တွေ့ဆုံမိကြကုန်၏၊ မာတုဂါမသည်မူလည်း ထိုရဟန်းကိုမေထုန် အကျင့်ဖြင့် ဖိတ်၏ 'မေထုန်ကျင့်ရန် ပြောဆို၏'။ အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ တပည့်တော်သည် ညဥ့်မှောင်မိုက်၌ ဆွမ်းအလို့ငှါ လှည့်လည်၏၊ အသျှင်ဘုရား ခွက်ဆေးကြောနေသော မိန်းမတစ်ယောက်သည် လျှပ်စစ်ပြက်သော အခိုက်၌ အကျွန်ုပ် ကို့မြင်၍ 'အမလေး ကိုယ်ကျိုးနဲပါပေါ့၊ ဘီလူးကြီးပါတကား'ဟု လန့်အော်ပါ၏။ အသျှင်ဘုရား ဤသို့လန့်အော်သော် တပည့်တော်သည် 'နှမ ငါသည် ဘီလူးမဟုတ်ပါ၊ ဆွမ်းရပ်နေသော ရဟန်းပါ' ဟု ထိုမိန်းမကို ပြောဆိုခဲ့ပါ၏၊ 'ရဟန်းအား မိဘမဲ့လေယောင်တကား၊ ရဟန်းအားမိဘမဲ့လေယောင် တကား၊ ရဟန်း ထက်လှစွာသော ဓားငယ်ဖြင့် သင်၏ ဝမ်းဗိုက်ကို ထိုးဖောက်ခြင်းကမြတ်သေး၏၊ ညဥ့်မှောင်မိုက်၌ ဝမ်းဟူသောအကြောင်းကြောင့် ဆွမ်းခံလှည့်လည်ခြင်းသည် မမြတ်သည်သာတည်း' ဟု ထိုမိန်းမက ဆိုပါ၏။” (မဇ္ဈိမနိကာယ်၊ လဋုကိကောပမသုတ်၊ ပိုဒ်ရေ ၁၄၈) ဒါက ဘုရားရှင်လက်ထက်က ညစာအတွက် ဆွမ်းခံကြွဘူးတဲ့ရဟန်းတစ်ပါးရဲ့အတွေ့အကြုံကို ဖော်ပြတာပါ။ ဘုရားရှင်ကလည်း 'အကြင်ရဟန်းသည် မွန်းလွဲသောအခါ၌ ခွဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်အပြစ်သင့်စေ'' ၀ိနည်းဥပဒေ တစ်ခုကို ထုတ်ခဲ့ပါတယ်။ ၀ိနယပိဋက၊ ပါစိတ်ပါဠိတော်မှာလာတဲ့ ဒီဝိကာလဘောဇနသိက္ခာပုဒ်အကြောင်းကို အကျယ်မပြောလိုတော့ပါဘူး။ ဒီနေရာမှာ ပြောလိုတာက ဘုရားရှင်က နေ့ ၁၂ နာရီမှ နောက်နေ့မနက် အရုဏ်တက်သည်အထိ အဆိုင်အခဲဖြစ်တဲ့ ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ မုန့်ဟင်းခါး၊ ကိတ်မုန့်၊ ပေါင်မုန့်စတဲ့ အစိုင်အခဲဖြစ်တဲ့ အစားအစာ (Solid Foods) တွေကိုသာ စားခွင့်မပြုတာပါ။ အပ်စပ်အောင်လုပ်ထားတဲ့ သစ်သီးဖျော်ရည်တို့ကို ဘုဉ်းပေးသုံးဆောင်ကောင်းပါတယ်။ ဒါ့အပြင် 100 Plus, Red Bull (ကျွဲရိုင်း)လို အအေးမျိုးတွေကိုလည်း ကျန်းမာရေးအရ သောက်လို့ရပါတယ်။ သီရိလင်္ကာနိုင်ငံက လက်ဖက်ခြောက်ထွက်တဲ့နိုင်ငံဆိုတော့ ညနေပိုင်း သီရိလင်္ကာဘုန်းကြီးကျောင်းတွေကို အလည်သွားရင် လက်ဖက်ရည်တွေနဲ့ဧည့်ခံတာကို ကြုံဘူးပါတယ်။ ထိုင်းဘုန်းကြီးတွေကတော့ ကော်ဖီ၊ မိုင်လိုစတာတွေကို သောက်ကောင်းတယ်လို့ ယူဆပြီး ညနေပိုင်း ဘုဉ်းပေးသုံးဆောင်လေ့ရှိပါတယ်။ နွားနို့မထည့်ရင် ညနေပိုင်း ကော်ဖီ လက်ဖက်ရည်သောက်ကောင်းပြီး နွားနို့မထည့်ရင်တော့ မသောက်ကောင်းဘူးလို့ ထိုင်းဘုန်းကြီး သီရိလင်္ကာဘုန်းကြီးတချို့က ပြောပြန်ပါတယ်။ မြန်မာဘုန်းတော်ကြီးများကတော့ ကော်ဖီ လက်ဖက်ရည်တွေကို မသောက်ကောင်းဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်လိုဟာမျိုးတွေကို နို့ဆီနဲ့ ဖျော်သောက်တာကို နေရာအတော်များများမှာ တွေ့ဘူးပါတယ်။ ဒီလိုထောပတ်သီးဖျော်ရည်မျိုး၊ သင်္ဘောသီးဖျော်ရည်မျိုးကို သောက်လို့ရတယ်ဆိုရင် ကော်ဖီ လက်ဖက်ရည်လည်း သောက်လို့ရသင့်ပါတယ်။ ဒါ့အပြင် မြန်မာပြည် အချို့ဒေသတွေမှာတော့ ကြက်သွန်သုတ်၊ ဂျင်းသုတ်တွေကို ညနေပိုင်းအချိန်တွေမှာ ရဟန်းတော်များ ဘုဉ်းပေးသုံးဆောင်ကောင်းတယ်လို့ယူဆပြီး ဆက်ကပ်လှူဒါန်း ဘုဉ်းပေးသုံးဆောင်နေတာကို တွေ့ဘူးပါတယ်။ ခြုံကြည့်လိုက်ရင် ရဟန်းတော်များအနေနဲ့ ကိုယ်နေနေတဲ့ဂေါစရဂါမ်ပတ်ဝန်းကျင်က ဒကာ ဒကာမတွေအလိုအတိုင်း ကျင့်သုံးနေကြတယ်လို့ထင်မိပါတယ်။ ကော်ဖီ လက်ဖက်ရည်ကို ညနေပိုင်းအချိန်မှာ ရဟန်းတော်သောက်ရင် မြန်မာဒကာ ဒကာမများက ၀ိနည်းတော်နဲ့ အညီမနေဘူးဆိုပြီး အထင်သေးတတ်ပါတယ်။ ဒီတော့ ညနေပိုင်းအချိန်တွေမှာ မြန်မာရဟန်းတော်များ ကော်ဖီလက်ဖက်ရည်မသောက်ကြပါဘူး။ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်လိုဟာမျိုးတွေကို သောက်ရင်တော့ ၀ိနည်းတော်နဲ့ညီတယ်လို့ ထင်တတ်ကြပါတယ်။ ဆိုတော့ ညနေပိုင်းအချိန်တွေမျာ မြန်မာရဟန်းတော်များ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်လိုဟာမျိုးတွေကို သောက်ကြပြန်ပါတယ်။ မြန်မာနိုင်ငံက ထင်ရှားတဲ့ဆရာတော်ကြီးတစ်ပါးကတော့ ညနေပိုင်း ဘိလပ်ရည် (ဟိုးတုန်းကပေါ်ခဲ့တဲ့ စိမ်းစိမ်းအရည်) ကိုတောင် ရဟန်းတော်များ ညနေပိုင်းသောက်သင့် မသောက်သင့် စဉ်းစားသင့်တယ်လို့ မိန့်ဘူးတယ်ဆိုတာကို တဆင့်စကားကြားဘူးပါတယ်။ ဘာအစားအစာကို ဘယ်အချိန်မှာပဲစားစား ဘာကြောင့်စားတယ်ဆိုတာကို သတိမူရပါမယ်။ ရဟန်းတော်များအနေနဲ့ အစားအစာ စားတဲ့နေရာမှာ ဘုရားရှင်က ဒီလို ဆင်ခြင်ပြီး စားရမယ်လို့ မိန့်မှာခဲ့ပါတယ်။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ စေဒနာဟောင်း-သစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ် ခပ်သိမ်းပြစ်ကို မဖြစ်လေအောင်၊ချမ်းမြေ့အောင်ဟု သုံးဆောင်မှီဝဲပါသတည်း။” Ref: လဋုကိကောပမသုတ်၊ မဇ္ဈိမနိကာယ် ကီဋာဂိရိသုတ်၊ မဇ္ဈိမနိကာယ် ၀ိနယပိဋက၊ ပါစိတ်ပါဠိတော်

Jul 4, 2013

A to Z အတင်းများတဲ့

ညည်း A... B လူးကိုမှ C ပင်သာယာမှာ အလုပ်, လုပ်ခိုင်းရသလားဟယ်၊ D လိုကောင်တွေနဲ့ ပေါင်းမိမှတော့ တ E အီးတအားအားနဲ့ လည်ချောင်း F သံပေါက်အောင် ကြုံးအော်နေကြတော့မှာပေါ့ လမ်းထိပ်က G ပုန်းတွေကလည်း တမျိုးတော်... H အိုင်ဗွီတွေ အလကား ဝေနေသလား မှတ်ရတယ်... တကတည်း ဟိုတစ်ယောက်ကတော့ I ကောင်းစားတာကို J ဝင်နေကြတယ်လေ သူ့ယောက်ကျားကဖြင့် ဘာအလုပ်မှ မလုပ်ပဲ K သနေပြီး L နေတဲ့ သူ့အတ္တဘောကြီးမှ အားမနာ လတ်လျားလတ်လျားနဲ့။ M မာ... မပြောချင်ပါဘူး ပြောရရင် N ချင်စရာတောင်ကောင်းတယ်၊ O နေတဲ့ သူ့ရုပ်နဲ့ ကလေးအမေ P ပြင်လွန်းနေတာတောင် အကောင်တွေကို လိုက်, လိုက် Q နေတာ အရှက်ကို မရှိဘူး R ရိုက်တာကလည်း လွန်ရောလွန်ရော ရူးနှမ်းချက်များပြောပါတယ်၊ နွေခေါင်ခေါင် S ကီးမိုးတွေ ဝတ်တဲ့ အင်္ကျီမျိုးဝတ်၊ ပြီးတော့ T ကောင်ဆားတို့သလိုပဲ ကဲနေကြတာ အံ့ပါရဲ့ သြော်...ဒါနဲ့ U သိမလား မသိဘူး... ဟို V လိန်ရုပ်နဲ့ ကောင်၊ မယားကို W ထားတဲ့ ကောင်လေ ... အေး ဟုတ်တယ် အဲ့ကောင်ပေါ့ သင်္ကြန်တုန်းက အရက်မူးပြီး လမ်းပေါ်မှာ X နေလို့တဲ့ Y ယာလက်ကားတွေ နဲ့ ဆေးရုံကို ခေါ်သွားတာ ဆေးရုံမှာ ကမြင်းကြောထပ်ထလို့ ကုတင်ပေါ်က ပြုတ်ကျ Z ကျိုးပြီး သေပြီတဲ့...

တရားရုံး

တစ်ခါက တရားသူကြီးတစ်ယောက် လူဆိုး တရားခံ တစ်ယောက် အားအမှုစစ်လေသည်။ တရားသူကြီး။ ။ "တရားရုံး ကိုဘယ်နှစ်ကြိမ် ရောက်ဖူးလဲ" တရားခံ ။ ။ " မတရားတဲ့ ရုံးကို အကြိမ်ရေ ၁၀၀ မကရောက်ဖူးပါတယ် ၊ တရားတဲ့ ရုံးကို ဒီတစ်ခါပဲ ရောက်ဖူးပါတယ်" တရားသူကြီး။ ။ " လွတ်စေ"......D

တာယာ အဟောင်းနှစ်လုံး

တလောက ဂိုဒေါင်ရှင်းရင်းနဲ့ကားတာယာ အဟောင်းနှစ်လုံးထွက်လာတယ်။ တာယာတွေက ခပ်လတ်လတ်ရယ်။ သုံးမယ်ဆိုသုံးလို့ရသေးတယ်။ ဒါနဲ့ အသုံးတည့်မယ့်သူရှိရင် ယူသွားလို့ရအောင်“အမှိုက်”လို့ ရေးပြီး ခြံပေါက်ဝအပြင်ဘက်မှာ ချထားလိုက်တယ်။ တစ်လသာကျော်သွားတယ်။ ယူမယ့်သူ မရှိဘူး။ စိတ်ပေါက်ပေါက်နဲ့ တာယာနှစ်လုံးပေါ်“ရောင်းမည်။ တစ်လုံး ၂၀၀ ကျပ်”လို့ ပြင်ရေးပြီး ပြန်ချထားလိုက်တယ်။ ဘာပြောကောင်းမလဲ။ နောက်တစ်နေ့မနက် တာယာတွေ မရှိတော့ဘူး။ ခိုးခံလိုက်ရတာ.......'D

မြန်မာတို့၏ ပထမဆုံးများ

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက် ၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု ၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး ၄။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို ) ၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင် ၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ် ၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး ၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ ၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း ၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု ၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင် ၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး ၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး ၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး ၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး ၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့  ၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ ၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ ၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု) ၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း ၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော် ၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင် ၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင် ၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင် ၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည် ၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန် ၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆) ၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်) ၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင် ၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဦးဘကလေး ( ဦးရွှေကလေး) ၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း ၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင် ၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ် ၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇) ၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု ၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ ၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး) ၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့်  ၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

Jul 1, 2013

Facebook နဲ့ပတ်သက်လို့

၁။ Like, Comment, Share တစ်ခုခု သို့မဟုတ် အားလုံးကိုလက်ခံနိုင်မှ Post, Photo, Status တင်ပါ။ အကယ်၍ မကြိုက်တဲ့ Comment ပေးလာရင်လည်း Delete လို့ရပါတယ်။ ဒါ့အပြင် လုပ်နိုင်တာတွေ Friend Setting ထဲက Option မှာ ကြိုက်သလိုရွေးလို့ရပါတယ်။ ၂။ ဒီလူ Post တွေတင်တာ သိပ်ကြမ်းတယ်။ ရိုင်းတယ်။ လူ့အဖွဲ့အစည်းကိုထိခိုက်တယ်။ အုံကြွမှုဖြစ်အောင် ဖန်တီးနေတယ်လို့ယူဆရင် Report လုပ်နိုင်တယ်။ နောက်နောင် လုံးဝမမြင်ချင်ဘူးဆိုရင်လည်း Block ပြီး Unfriend လုပ်လိုက်ရုံပဲ။ ၃။ ဒီ Friend ရဲ့ သဘောထားနဲ့လုပ်ဆောင်ချက်တွေ မကြိုက်ဘဲနဲ့တော့ Friend လုပ်မထားပါနဲ့။ ဒေါမနဿ ၀န်ထုပ်ဝန်ပိုးကြီးထမ်းထားရသလိုဖြစ်နေမယ်။ ၄။ အကယ်၍ ဒီ Friend ကို ကြိုက်တော့မကြိုက်ဘူး သူ့လှုပ်ရှားမှုကို လေ့လာစောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုရင် အဲဒီအတိုင်းပဲနေ၊ Like, Comment, Share တစ်ခုခုသွားမပေးနဲ့။ သူ့ကို စောင့်ကြည့်နေတယ်ဆိုတာ သတိမပေးမိစေနဲ့။ ၄။ သူ့ Timeline ပေါ်က Post, Photo, Status လောက်နဲ့ အပြင်မှာ လက်သီးနဲ့ထိုး ဓါးနဲ့ထိုးပြီး ပြဿနာသွားမရှင်းနဲ့။ Facebook ထဲမှာ သူ့ကို ပြန်လုပ်နိုင်တဲ့အခွင့်အရေးတွေ ပေးထားပြီးသား။ အဲဒါမှ မကျေနပ်သေးဘူးဆိုရင်လည်း တရားမကြောင်းနဲ့ဆိုင်ရင် တရားမကြောင်းနဲ့ တရားစွဲ။ ရာဇ၀တ်ကြောင်းနဲ့ဆိုင်ရင် ရာဇ၀တ်ကြောင်းနဲ့ တရားစွဲ။ အထောက်အထားတော့ ခိုင်လုံပါစေ။ ၅။ Facebook ပေါ်မှာမဆဲနဲ့ ဆဲရင် လူမှုရေးစရိုက်ကို ဝေဖန်တာ ခံရလိမ့်မယ်။ ၆။ ကိုယ်တိုင်နားမလည်တဲ့ အကြောင်းအရာ အတွေးအခေါ်နဲ့ အပြုအမူတွေ တင်မိရင် အသိ၊ ဉာဏ်၊ ပညာ၊ အဆင့်အတန်းကို ကဲ့ရဲ့လိမ့်မယ်။ ၇။ ပေါ်သမျှအကြောင်းအရာတိုင်း Status မတင်နဲ့။ တွေ့သမျှ Post တိုင်းမှာ Comment ၀င်ဝင်မပေးနဲ့။ ဆရာလိုလို သမားလိုလိုအပြုအမူတွေရှောင်။ နားမထောင်ချင်လည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲ။ ကြာရင် ငပေါကြီးဖြစ်ပြီး လူမုန်းများမှာတော့ အသေအချာပဲ။ ၈။ ဒီ Friend နဲ့ Chat မယ်ဆိုရင် ဒီ Friend အကြောင်းသိအောင်အရင်လုပ်။ နင် တစ်လုံး ငါ တစ်လုံးနဲ့ အရင်မဆက်ဆံနဲ့။ အလုံးစုံသိချင်ရင် About မှာကြည့်။ သူတင်ထားသလောက် About ပေါ်မူတည်ပြီး ချင့်ချိန်ဆက်ဆံ။ ၉။ Facebook ပေါ်မှာ ချစ်ကြိုက်ပြီး Date လုပ်တဲ့အခါ သတိထား။ ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ အစ်ကို၊ မောင်တွေနဲ့ ချိန်းမိလျှက်သားဖြစ်ပြီး အရှက်ဗြန်းဗြန်းကွဲတတ်တယ်။ (ရိုင်းကောင်းရိုင်းမယ် ... အတော်များများ ဒါမျိုးဖြစ်နေကြလို့။) ၁၀။ Facebook ရှေ့မှာ ထမင်းမစား ရေမသောက်ဘဲ တစ်နေကုန် တစ်ညလုံး ထိုင်မနေနဲ့ သေတတ်တယ်။ ၁၁။ Facebook ပေါ်မှာတင်သမျှအကုန် လိုက်မယုံနဲ့ ရူးတတ်တယ်။ ၁၂။ Facebook ကနေထွက်ပြီး အပြင်လောကကိုကြည့်ပါ။ ကိုယ်ထင်တာတွေနဲ့ တခြားစီပဲဆိုတာ သိလိမ့်မယ်။ လောကကြီးက သာယာနေသေးတယ်ဆိုတာလည်း ပြန်ပြီးယုံကြည်လာလိမ့်မယ်။ ကိုဇင်

ပီဇာက ပေးသော သင်ခန်းစာ

ပီဇာက ပေးသော သင်ခန်းစာ ============================= ရောင်းသူ - အကို ပီဇာ ဘယ်နှစ်စိတ်ပိုင်းပေးရမလဲ ။ ၈ စိတ်ပိုင်းလိုက် မယ်နော်။ ဝယ်သူ - အို....။ ၆ စိတ်ပိုင်းပဲ ပိုင်းပါ။ ၈ စိတ်ဆို ကျနော် မကုန်ဘူး။ သင်ခန်းစာ ၁ - ပီဇာတစ်ခုကို ဘယ်နှစ်စိတ်ပဲ စိတ်စိတ် ပမာဏ ပြောင်းလဲ မသွားပါဘူး။ သို့ပေမယ့် စိတ်ကိုတော့ လှည့်စားတယ်။ ဒီလိုပါပဲ လူတွေက ကိုယ် လုပ်ရမယ့် အလုပ်တစ်ခုကို နေ့ရွှေ့ ညရွှေ့ နဲ့ ပြောင်းနေလိုက် တာ ပေါ့သွားမယ် ထင်ပေမယ့် ပြောင်းလဲမသွားပါဘူး။ သို့ပေမယ့်စိတ်ထဲမှာ ပိုပြိးတော့တောင် ဝန်ပိနေတတ်ပါသေးတယ်။ ------------------------------------------------------ ------------------------------------------------------ ပီဇာ ကို ထည့်တဲ့ ဗူးက လေးထောင့်၊ ဖွင့်ကြည့်တော့ ပီဇာက အဝိုင်း၊ စားမယ်လို့ ယူလိုက်တော့ တြိဂိနီးပါးပုံစံ တစ်ခု။ ဒီလိုပါပဲ မိမိ တွေ့ဆုံကြုံတွေ့နေရတဲ့ လူတွေဟာ အမြင်အားဖြင့် ကွဲပြားတယ်။ အသွင်သဏ္ဍန်အားဖြင့် ကွဲပြားတယ်။ ပင်ကိုယ်စရိုက်အားဖြင့် ကွဲပြားပါတယ်။ -- Ref:quotelvoe

အပျိုကြီးများရဲ့ အားနည်းချက်များ

၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း ၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း ၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း ၄-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း ၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရရ်ျ ပိုက်ဆံကုန်ခြင်း ၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ၇ခြင်း ၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း ၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊ ၉-အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်းကိုမခံရခြင်း ၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း ၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာတင်းတင်းဖက်ထားရခြင်း ၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာအားကိုး၇ခြင်း ၁၃-လိုင်းကားတိုးစီးရာတွင်အကာကွယ်မရရှိခြင်း ၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံ၇ခြင်း ၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း ၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိမ်းသည့်အခါများတွင် တယောက်တည်းစောင်ခေါင်းမြီးခြုံ ကြောက်လန့်နေရခြင်း ၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း ၁၈-ဘုရားသွားသည့်အခါ..အားမလိုအားမရ သူများတွေကိုသာငေးနေရခြင်း ၁၉-မင်္ဂလာဆောင်ဖိတ်စာရသည့်အခါများတွင် အားငယ်ခြင်းကိုခံစားရခြင်း ၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာဖြင့် စောင့်မျှော်မည့်သူမရှိခြင်း ၂၁-အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာသိမ်းကြုံးလုပ်ရခြင်း ၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တချိန်လုံးခံရခြင်း ၂၃-မိုးရွာသည့်အခါထီးဆောင်းပေးမည့်သူမရှိခြင်း ၂၄-မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအားပေးမည့်သူ မရှိခြင်း ၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲများကြားတွင် တယောက်တည်း ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိခြင်း ၂၆--ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း.. ၂၇--မောင်ရေ..ကိုကိုရေ..ဟုချွဲနွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....၊ ၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ် လက်ဆောင်များမရခြင်း ၂၉-စိတ်ညစ်၇်ျငိုတိုင်းချော့မည့်သူမရှိခြင်း ၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန်လူမရှိခြင်း

"ဗုဒ္ဓေါ.

လူတစ်ယောက် အများသုံးအိမ်သာထဲဝင်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ပိာုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။ "ပော့လူ နေကောင်းလား" ဒီလိုနေရာမျိုးမှာ အလာပ သလာပ စကား ပြောရတာ စိတ်မသက်မသာရှိလှသည်။ မကောင်းတတ်တော့လည်း ပြန် နှုတ်ဆက်ရသည်ပဲပေါ့။ ..."ကောင်းပါတယ် ကျေးဇူးပါ" အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကိုဆက်ရှင်းမယ်ကြံကာ ရှိသေး အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။ "ခင်ဗျားဘာတွေအလုပ်ရှုပ်နေတာလဲဗျ" ပာာ.... ဒီလူတော့ ခက်ပြီ ... ဘာလဲကွာ ... ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းမျိုးတွေ လာမေးနေရတာလဲ။ စိတ်ပေါက်ပေါက်နှင့် ဘုတော ပစ်လိုက်သည်။ "ခင်ဗျားလိုပဲပေါ့ဗျာ" ဘာဘဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့စိတ်ကူး လိုက်သည်။ ဒါပေမဲ့ နောက်ထပ်မေးခွန်းတစ်ခု ထပ် ထွက်လာပြန်သည်။ "ကျွန်တော်လာခဲ့မယ်ဗျာ...ရမလား" "ဗုဒ္ဓေါ...ဒီလူ ဘယ်လိုလူလဲ...ဂေးလား" ဘာဘဲဖြစ်ဖြစ် ကိုယ်ကျင်လည်ကျက်စားရာနေရာမပာုတ်လို့ သတိတော့ ထားနေရသည်။ ထောင်းခနဲထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။ "မလုပ်နဲ့လေဗျာ... ကျွန်တော်လည်း ဒီမှာအလုပ်ရှုပ်နေတာ" တဖက်က ဒုန်းကနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ပိာုဖက်က ပြန်ပြောသည်။ "နောက်မှပဲ ပြန်ဆက်တော့မယ်... ပာိုဖက်အခန်းထဲက သောက်ပေါ တစ်ကောင်က ရူးသလိုနှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့.....D

*တူ သုံးမျိုး ဖြစ်လာသောအခါ..

လူကြီးသူမတွေ ပြောတတ်ကြတဲ့ စကားလေး တစ်ခုကို ကြားဖူးတယ်။ လောကကြီးမှာ တူ သုံးမျိုး ဖြစ်လာရင် လောကကြီးဟာ ပျက်စီးလာပြီ တဲ့။ အဲဒီ တူ သုံးမျိုးကတော့ (၁) ယောက်ကျားနဲ့ မိန်းမ တူလာသောအခါ (၂) ရဟန်းနဲ့ လူနဲ့ တူလာသောအခါ (၃) ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့ တူလာသောအခါ

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်

၁။ ကတိအပေးနည်းပါစေ။ ၂။ အမှန်ကို အမြဲပြောပါ။ ၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။ ၄။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။ ၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ ၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။ ၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။ ၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။ ၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။ ၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။ ၁၁။ အကျင့်စာရိတ္တကောင်းမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။ ၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။ ၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။ ၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။ ၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။ ၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။ ၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။ ၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။ ၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။ ၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။ ၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။ ၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကိုပန်လည်သုံးသပ်ခြင်းသည်နောက်နေ့ လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။ ၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။ ၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။ ၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။ ၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။ ၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။ ၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။ ၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။ ၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

ပြည်သူ့ သဘောထား....

ရန်ကုန် က ဆောက် လက်စ အဆောက် အဦ တစ်ခု ပေါ်မှ အုတ်ခဲ တစ်လုံး လမ်းသွား တစ်ဦး. ခေါင်းပေါ်သို့ တည့်တည့် ကျသည်၊ ဒဏ်ရာ ပြင်း၍ ပွဲချင်းပြီး သေဆုံး သွားသည်၊ လူအုပ်ကြီး ၀ိုင်းလာ ကာ တစ်ယောက် တစ်ပေါက် မကျေမနပ်ပြောကြသည်၊ “လမ်းတောင် လွတ်လွတ်လပ်လပ် လျှောက်လို့မရတော့ဘူး ” “တာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်နေတော့ မှာလား။” “ပြည်သူတွေ အတွက်လည်း စဉ်းစားကြပါအုံး၊” ထိုသို့ ပြောဆိုနေစဉ် လူအုပ်ကြားမှ လူတစ်ယောက်က “သူ့ကိုကျနော် ကောင်းကောင်း သိတယ်ဗျ။ ဒီလူ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက လူတစ်ယောက်ဘဲ။” လူအုပ်ကြီးထဲမှ မကျေနပ်သံများ ပို၍ကျယ်ကျယ်လောင်လောင် ထွက်လာတော့သည်၊ “အဲဒီကြံဖွတ်တွေ လွန်ကို လွန်လွန်းတယ်။ ဘယ်သွားသွား သူတိုချည်းပဲ။ အခုကြည့်လေ အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျဖို့နေရာ မရှိဘူး၊”......တဲ့...D

အွန်လိုင်းပေါ်ရယ်ပုံရယ်နည်း

by မျိုး ထွဋ် (Notes) ကွန်ပျူတာ အင်တာနက်ခေတ်တွင် အွန်လိုင်းခေတ်တွင် အွန်လိုင်းပေါ် ရယ်ပုံရယ်နည်း မတူကြကြောင်း ဟာသပညာရှင် Nury Vittachi ကတင်ပြလာပါတယ်။ ထိုင်းလူမျိုးများက ရယ်တာကို 555 လို့သုံးပါတယ်။ နံပါတ် ၅ ကို ထိုင်းဘာသာနဲ့ ha လို့ပြောပါတယ်။ ဒီတော့ ၅၅၅ ဆိုတာ ha ha ha (ဟားဟားဟား) ဆိုတဲ့ meaning ရပါတယ်။ ဖိလစ်ပိုင် ဘာသာစကားအရဆိုရင် jejeje ဆိုတာက ဟီးဟီးဟီး လို့အသံထွက်ပါတယ်။ အမေရိကန်တွေကတော့ ရယ်တာကို LOL လို့အသုံးပြုကြပါတယ်။ LOL ဆိုတာကို Laughing out Loud လို့ဆိုသလို Lots Of Laugh လို့ပြန်တာလည်းရှိပါတယ်။ အရမ်းရယ်ရတယ်ဆိုတဲ့ meaning ပါပဲ။ အာရှမှာတော့ အမေရိကမှာလို LOL လို့မသုံးပါဘူး။ အာရှဘာသာအများစုမှာ L ဆိုတဲ့ အသံထွက်မရှိလို့ပါတဲ့။ များသောအားဖြင့်ကတော့ ha ha ha လို့ပဲရယ်ကြပါတယ်။ တော်တဲ့ မလေးသားများကတော့ တိုအောင် ha3 လို့ပဲရေးပါတယ်။ ဂျပန်ကတော့ ရယ်တာကိုတွေ့ရင် W တစ်လုံးပဲ ရေးတယ်လို့ဆိုပါတယ်။ W ကတော့ ရယ်ရတယ်လို့ ဆိုတဲ့ ဂျပန်စကားအသံထွက် warau ကိုထိပ်ဆုံး က w ကိုယူပြီးရေးတာဖြစ်ပါတယ်။ တစ်လုံးတည်းနဲ့ရယ်ရတယ်ဆိုတာကို ပြတာဖြစ်လို့ သူကပိုတော်ပါတယ်။ ကိုရီးယားတွေကတော့ LOL နေရာမှာ kkkk လို့ရေးပြီးရယ်ပါတယ်။ ဘရာဇီးတွေလည်း K ကိုသုံးပါတယ်။ ဒါပေမယ့်သူက ပိုရှည်ပါတယ်။ kkkkkkkkkkkkkkkkkkkkkkkkkk လို့ဆိုပြီးရေးပါတယ်။ ဒါတွေကတော့ ရယ်နည်းအချို့ပါ။ ha ha ha = ပုံမှန်ရယ်သံ Bwahaha = အကျယ်ကြီးရယ်သံ Mwahaha = လူဆိုးရယ်သံ Har har = မရယ်ရပါဘူးကွာဆိုတဲ့ ပုံစံမျိုးရယ်သံ Heh heh heh = မကောင်းတဲ့ရယ်သံ့ Tee hee = ကလေးဆန်သောရယ်သံ badump-tish ဆိုတဲ့အသုံးကတော့ ဟာသရဲ့အမြင့်ဆုံးပြက်လုံးကိုရောက်ပြီ၊ ရယ်ကြတော့ လို့ပြောလိုက်တာပါ။ မြန်မာလိုတော့ ဟားဟား၊ဟီးဟီး၊ ခွီးခွီး စသဖြင့် အသံ၊ အဟက် အဟက် စသဖြင့် ပုံစံမျိုးစုံရယ်ကြတာကို တွေ့ရပါတယ်။ ဒီလောက်ဆို စိတ်ဝင်စားစရာကောင်းတဲ့ ရယ်သံလေးတွေကို ဗဟုသုတလည်းရပြီး အသုံးပြုလို့ရပါပြီ။ credit : Ours way24

Jun 30, 2013

“ရှစ်နှစ်လောက်ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရတဲ့အတွက် ထီထိုးတာထက် သေချာတယ်

by မျိုး ထွဋ် (Notes) - ငွေလိုရင် ထီမထိုးနဲ့ နံ့သာဖြူပင် စိုက်ပျိုးပါဆိုတဲ့ အကြံပြုချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ လူအများကို နံ့သာဖြူစိုက်ပျိုးစေချင်တာပါ။ ၁၉၆၉ ခုနှစ်မှာ ကျောက်ပန်း တောင်းမြို့နယ်၊ မြေကျေးရှင်း လစိုက်ပျိုးရေးဌာနမှာ အလုပ်စ၀င်တယ်။ ၁၉၅၆ ခုနှစ်ကတည်းက ပုပ္ပါးတောင်မှာ စစိုက်ထားတယ်။ မြေကျေးရှင်းကနေ တာဝန်ယူပြီး စိုက်ထားတာပါ။ အိန္ဒိယကနေရလာတဲ့ နံ့သာဖြူပင် ပျိုးပင် ၁၉၆ ပင်ကို နှာရောင်ဥယျာဉ်ခြံမှာ စိုက်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ နိုင်ငံတော်မှာ စိုက်ပျိုးရေးနဲ့ ပတ်သတ် တဲ့ အကြံပေးအရာရှိ ဦးစုက နံ့သာဖြူပျိုး ပင်ကို စမ်းပြီးစိုက်တယ်။ ဦးတို့လုပ်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ရှိတဲ့ နံ့သာဖြူက ၁၀ပိဿာ၊ ၁၅ ပိဿာလောက် ထွက်တာ တွေ့ရတယ်။ နံ့သာဖြူ တစ်ပိဿာရဲ့ ကာလ တန်ဖိုးက သုံးသိန်းလောက်ရှိတယ်။ နံ့သာဖြူပင်က အပင်ငယ်ငယ်နဲ့တော့ ထုတ်လို့မရဘူး။ အနည်းဆုံး ရှစ်နှစ်လောက်တော့ စောင့်ရတာပေါ့။ ရှစ်နှစ်မှာ တစ်ပိဿာထွက်မယ်ဆိုရင် ကိုးနှစ်မှာ နှစ်ပိဿာ၊ သုံးပိဿာ ဆိုတော့ သူက နှစ်ကြာလာလေလေ နံ့သာဖြူအနှစ်များလာပြီး တန်ဖိုးများလာလေလေပေါ့။ သူက နှစ်ကြာလေလေ တန်ဖိုးက တက်လာလေဆိုတော့ သူက ချက်ချင်းတော့ ၀င်ငွေမရပေမယ့် ရဖို့ကတော့ သေချာတယ်။ ကာလသတ်မှတ်ချက်တစ်ခု ရှစ်နှစ် ကိုးနှစ်လောက် စောင့်ထားမယ်ဆိုရင် ၀င်ငွေရဖို့ သေချာတယ်။ - နံ့သာဖြူရဲ့ ဈေးကွက်က ဘယ်နေရာတွေမှာ ဖြစ်ထွန်းလဲ။ မြန်မာပြည်မှာတော့ ဘယဆေးဆိုင် တွေမှာ ရောင်းတယ်။ အလေးချိန်နဲ့ ရောင်းတာ။ သူက တန်ဖိုးကြီးတဲ့အခါကျတော့ အများကြီးမ၀ယ်နိုင်ဘူး။ တစ်ခါဝယ်ရင် ၁၀ သား၊ ၁၅ ကျပ်သားလောက် ၀ယ်ကြတယ်။ ဒီလောက်ဝယ်ရင်တောင် သူက တော်တော်အသုံးခံတဲ့ပစ္စည်း။ အိန္ဒိယတို့၊ ဂျပန်တို့၊ သြစတြေးလျတို့၊ အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေမှာ ရေမွှေးမှာ အခြေခံပစ္စည်း အဖြစ်သုံးကြတယ်။ သြစတြေးလျမှာဆိုရင် နိုင်ငံခြားဝင်ငွေရတဲ့ သီးနှံတစ်ခုအဖြစ် ထုတ်လုပ်နေတယ်။ သြစတြေးလျမှာ တရားဝင်အစိုးရဈေးက နံ့သာဖြူတစ်တန်ကို သြစတြေးလျ ဒေါ်လာ ၁၅,၀၀၀ ရှိတယ်။ မှောင်ခိုဈေးမှာဆို တစ်တန်ကို ဒေါ်လာ နှစ်သန်းခွဲ တန်တယ်။ မြန်မာပြည်အနေနဲ့လည်း ဈေးကွက်ရှိပါတယ်။ အဓိကထွက်ဖို့ပဲ လိုတာ။ ထွက်ဖို့ကလည်း စိုက်ဖို့လိုတယ်။ နံ့သာဖြူက အိန္ဒိယ နံ့သာဖြူနဲ့ သြစတြေးလျ နံ့သာဖြူဆိုပြီး နှစ်မျိုးရှိတယ်။ အကောင်းဆုံးကတော့ အိန္ဒိယ နံ့သာဖြူပဲ။ ဒီမှာကတော့ အဆီတစ်အောင်စကို ငွေကျပ် ၁၅,၀၀၀၊ ၂၀,၀၀၀ ရှိတယ်။ - နံ့သာဖြူကို ဘယ်နေရာတွေမှာ အသုံးပြုလို့ရပါသလဲ။ နံ့သာဖြူတို့၊ ကရမက်တို့ဆိုတာ မြန်မာအမျိုးသမီးတွေအတွက်တော့ နေ့စဉ် လိမ်းသင့်တဲ့ပစ္စည်း။ နံ့သာဖြူလိမ်းရင် အပူငြိမ်းတယ်။ သူ့ကိုလိမ်းရင် စိတ်ရွှင်လန်းသွားတယ်။ ပေါ့ပါ့ပါးပါး ဖြစ်သွားတယ်။ နောက်တစ်ခုက ဖျားတယ်၊ နာတယ် အပူများမယ်ဆိုရင် နံ့သာဖြူလိမ်းရင် အပူကျသွားမယ်။ ကလေးတွေ ဒတ်တွေ၊ ၀ဲတွေပေါက်ရင် နံ့သာဖြူသွေးပြီး လိမ်းပေးရင် ပျောက်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အရကတော့ အလှကုန်ပစ္စည်းတွေမှာ သုံးတယ်။ အဓိကကတော့ ရေမွှေးတို့၊ အလှ ကုန်ပစ္စည်းတို့ ထုတ်တဲ့အခါမှာ အခြေခံ ပစ္စည်းပေါ့။နံ့သာဖြူအဆီပဲ ဖြစ်ဖြစ်၊ အနှစ်ပဲဖြစ်ဖြစ် ဘယ်လောက်ကြာကြာ အနံ့က ပြယ်မသွားဘူး။ သူ့ရဲ့ အဆီနည်းနည်းလေး ထည့်လိုက်တာနဲ့ အနံ့က လွှမ်းသွားတယ်။ သြစတြေးလျ နံ့သာဖြူကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နံ့သာကုထုံးတွေမှာ သုံးတယ်။ - ဘယ်လို မြေအမျိုးအစားတွေမှာ စိုက်ပျိုးတာ သင့်တော်ပါသလဲ။ ဒီအပင်က သစ်တောပင်ဖြစ်တဲ့အတွက် မြေသိပ်မရွေးဘူး။ မြေညံ့တဲ့နေရာ ဆို အနှစ်ပိုကျစ်လစ်တယ်။ မြေကောင်းတဲ့နေရာဆို ဖြစ်ထွန်းတာမြန်တယ်၊ နည်းနည်းပွတယ်။ အဓိကကတော့ စိမ့်စွဲနေတဲ့ နေရာမျိုး၊ ဆပ်ပြာပေါက်တဲ့ နေရာမျိုးကလွဲရင် ဖြစ် ထွန်းတယ်။ ကျောက်တောင် ကျောက်ကြားတွေ၊ တောင်ကုန်းတွေ ၊ ကျောက်စရစ်မြေတွေမှာလည်း ဖြစ်တယ်။ အဖြစ်နှေးတဲ့ အတွက် စိတ်ရှည်အောင် စောင့်ရပေမယ့် ရှစ်နှစ် နောက်ပိုင်းဆို ထွက်မှာသေချာတယ်။ ရှစ်နှစ်လောက်ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရတဲ့အတွက် ထီထိုးတာထက် သေချာတယ်။ ၁၀ နှစ်၊ ၁၂ နှစ်သားဆို သုံးပိဿာ၊ သုံးပိဿာခွဲ လောက်ကနေ လေးပိဿာ၊ ငါးပိဿာ လောက် ထွက်နိုင်တယ်။ - နံ့သာဖြူကို ဘယ်လိုမျိုး ပြုစုစိုက်ပျိုးရပါသလဲ။ စိုက်ဖို့က ကိုယ့်ခြံစည်းရိုး ပတ်လည်မှာ စိုက်လည်းရတယ်။ စီးပွားဖြစ် စိုက် လည်း ရတယ်။ ကိုယ့်သားသမီးကို အကောင်းဆုံး အမွေပေးချင်တယ်ဆိုရင် သူသုံးနှစ်သားလောက်ကတည်းက စိုက် ထားရင် ၁၀နှစ်၊ ၁၂ နှစ်ရှိတဲ့အခါ ကျရင် သူ့အတွက် စရိတ်မလိုဘူးပေါ့။ ခက်ခဲတာတစ်ခုက အပင်ကနုတဲ့ အတွက် ပထမ တစ်နှစ်မှာ ဂရုစိုက်ပေးဖို့လိုတယ်။ ဂရုစိုက်ရတယ်ဆိုတာက မှိုသတ်ဆေး၊ ပိုးသတ်ဆေးဖျန်းတာတို့ ပေါင်းရှင်းတာတို့ပေါ့။ တစ်ပေခွဲ၊ နှစ်ပေ မြင့်သွားပြီဆိုရင်တော့ ဂရုစိုက်စရာ မ လိုတော့ဘူးပေါ့။ သာမန် ထိန်းသိမ်းရုံ နဲ့ ၀င်ငွေရတယ်ပေါ့။ တစ်နှစ်လောက် ပြုစုရတယ်ဆိုတာက အပင်ကငယ်တော့ အရွက် ကနုတယ်။ မှိုရောဂါကျတတ်တယ်။ မှိုဆေး ကို တစ်လတစ်ကြိမ် ဖျန်းပေးရတယ်။ ပေါင်းမြက်ရှင်း ပေးရတယ်။ အဓိက က တော့ ဒီအပင်ကိုသတ်မယ့် နွယ်ပင်ကြီးတွေ မရှိဖို့လိုတယ်။ တစ်နှစ်ကြာပြီး တစ်ပေခွဲ၊ နှစ်ပေခွဲမြင့်လာတဲ့အခါ၊ အရွက်က ကြီးရင့် လာတဲ့အခါမှာ သူတို့ခံနိုင်ရည်ရှိလာမယ်။ နောက်ပိုင်းကျရင် တစ်လတစ်ကြိမ်လောက်ပဲ ပုံမှန်ပေါင်းရှင်းတာလုပ်ပေးရင် ရတယ်။ မျိုးစေ့ကိုလည်း စိုက်လို့ရတယ်။ ပျိုးပင်ကိုလည်း စိုက်လို့ရတယ်။ နံ့သာဖြူစေ့က မာတော့ အစေ့ကို ရေနှစ်ရက်လောက် စိမ်ရတယ်။ စိမ်ပြီးတော့မှ ပျိုးဘူးထဲမှာလည်း တိုက်ရိုက် စိုက်လို့ ရ တယ်။ ပျိုးဘောင်ထဲမှာ ပျိုးပြီးမှ စိုက်လည်းရတယ်။ မျိုးစေ့ကနေ အပင်ပေါက်ဖို့ က နှစ်လကနေ သုံးလထိ အောင် ကြာတတ်တယ်။ အဲဒီလိုကြာတတ် တဲ့အတွက် ပျိုးဘူးထဲမှာကျတော့ အပင်ပေါက်ရခက်တယ်။ အဲဒီတော့ ပျိုးဘောင်မှာထောင်ပြီး အပင်ပေါက်တော့မှ ရွှေ့စိုက်ရတယ်။ နံ့သာဖြူက ကပ်ပါးပင်၊ အခြား အပင်ကို မှီခိုပြီးမှ စားသောက်လို့ရတဲ့ အပင်မျိုးပေါ့။ အခြားအပင်ရဲ့ အမြစ်ကို မှီခိုပြီး စားသောက်တယ်။ သူနဲ့ယှဉ်တွဲပြီး အခြား အပင်ကို စိုက်ရတဲ့အခါကျတော့ နံ့သာဖြူပျိုးပင်လေး ရှစ်လက်မလောက် ရှိတဲ့အခါကျမှ အခြားမယ်ဇလီတို့၊ ဘောစကိုင်းတို့ ထည့်ပေးရတယ်။ ပျိုးပင်လေး ရှစ်လက်မလောက်ရှိမှ ထည့်ခိုင်းလဲဆိုတော့ သူ့ရဲ့ ကပ်ပါးပင်က သူ့ထက်ကြီးသွားလို့ မရဘူး။ ဒါကြောင့်မို့ နံ့သာဖြူပင်လေး ကြီးသွားမှ မယ်ဇလီစေ့ကို ထည့်လို့ရမယ်။ - နံ့သာဖြူပင်ကို ဘယ်လိုကပ်ပါးပင် အမျိုးအစားတွေနဲ့တွဲပြီး စိုက်ပျိုးသင့် ပါသလဲ။ နံ့သာဖြူနဲ့ယှဉ်တွဲပြီး စိုက်လို့ရတဲ့ ကပ်ပါးပင် အမျိုးပေါင်း ၃၀၀ ကျော် လောက်ရှိပါတယ်။ မယ်ဇလီပင်ကတော့ အသင့်တော်ဆုံးလို့ ပြောပါတယ်။ ရှားတို့၊ ထနောင်းတို့၊ ဘောစကိုင်းတို့လည်း တွဲ စိုက်ကြပါတယ်။ အမျိုးပေါင်းကတော့ တော်တော်များပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေမှာ နံ့သာဖြူ အဓိကစိုက်ပျိုးပါသလဲ။ အစကတော့တို့က ပုပ္ပါးမှာစိုက်တာ နှာရောင် နံ့သာဖြူစန္ဒာကူးတောဆိုပြီး စိုက်ထားတာ။ မင်းဘူးဘက်မှာတော့ စီးပွားဖြစ်စိုက်ကြပါတယ်။ ဦးတို့ကို ဒါကိုစိုက် ထားရုံပေါ့၊ တစ်နှစ်လောက်ပဲ ပြုစုပြီး နောက်ပိုင်းပစ်ထားလို့ရလို့ စိုက်ဖို့တိုက် တွန်းတာပါ။ - နံ့သာဖြူက အတု၊ အစစ်ရှိလား။ အရည်အသွေးကောင်း၊ မကောင်း ဘယ်လိုကြည့်ရမလဲ။ နံ့သာဖြူမှာ အတု၊ အစစ်ရှိတယ်။ နံ့သာဖြူအဆီက တစ်ပေါင်ကို အကြမ်းဖျင်း ဈေး ဒေါ်လာ တစ်ထောင်ရှိတယ်။ နံ့သာဖြူရဲ့အဆီနဲ့ မာလကာသားကို ပေါင်းလိုက်တယ်။ အနံ့ကစွဲသွားတယ်။ ချက်ချင်းတော့ သူက နံ့သာဖြူ အနံ့ပဲ။ ခဏနေကြည့်တဲ့အခါကျတော့ အနံ့ပြယ်သွားတယ်။ နံ့သာဖြူအနှစ်က သေးပေမယ့် သိပ်သည်း ကျစ်လစ်တယ်။ လေးတယ်။ ရေထဲမှာပေါ်မနေ ဘဲ နစ်သွားတယ်။ အသားက အ၀ါရောင်သန်းတယ်။ သူက အရင်းက ပိုရင့်တယ်။ အဖျားပိုင်းက အနှစ်က လျော့သွားတာပေါ့။ အပင်က ၁၅ ပေ လောက်ရှိရင် အနှစ်က အခြေကနေ ငါးပေ လောက်အထိရှိတယ်။ နံ့သာဖြူအစစ်က ဘယ်တော့မှ အနံ့မပြယ်ဘူး။ - နံ့သာဖြူပျိုးပင်နဲ့မျိုးစေ့တွေက ရောင်းဈေး ဘယ်လောက်ရှိပါသလဲ။ မျိုးစေ့ကတော့ ကာလအချိန်အလိုက် တစ်ပြည်ကို ကျပ် ၁၀,၀၀၀ ကနေ ၅၀,၀၀၀ အထိရှိတယ်။ ပျိုးပင် အနိမ့်အမြင့်ကိုလိုက်ပြီး ပျိုးပင် တစ်ပင်ကို ကျပ် ၁,၅၀၀၊ ၂၀၀၀ ရှိတယ်။ မျိုးစေ့ထွက်တဲ့အချိန်က ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ။ နံ့သာဖြူပင်က သုံးနှစ်သား၊ လေးနှစ်သားလောက်မှာ အသီးအပွင့် ပွင့်တယ်၊ သီးတယ်။ - နံ့သာဖြူနဲ့ ပတ်သက်ပြီး ဘယ်လိုများ အကြံပြုချင်ပါသလဲ။ အဓိကကတော့ စိုက်ဖို့ပြောချင်တယ်။ အချိန်တစ်ခုတော့ စောင့်ရမယ်။ စောင့်တယ်ဆိုတာကလည်း သေချာတဲ့စောင့်နည်းမျိုး ဖြစ်တယ်။ ဦးတို့ကလည်း အပင်ရဲ့သဘာဝကို သေချာလေ့လာပြီးဖြစ်လို့ စိုက်ဖို့တိုက်တွန်းချင်တယ်။ အခက်ခဲရှိ ရင်လည်း ဦးတို့ဆီကနေ အကြံဉာဏ် တောင်းလို့ရပါတယ်။

ပညာ ဟာ လိုအပ်တဲ့ အဆင်အယင်တစ်ခု

by မျိုး ထွဋ် (Notes) မြင့်မြတ်တဲ့ အရည်အချင်းတိုင်း၊ ကောင်းတဲ့ အရည်အချင်းတိုင်းမှာ အတူတွဲပါလာတတ်တဲ့ မမြင့်မြတ်မှုတွေ၊ မကောင်းမှုတွေ ရှိတတ်တယ်။ အဲဒီကောင်းမှုတွေ၊ မြင့်မြတ်မှုတွေဟာ လိုအပ်သည်ထက် ပိုသွားရင်၊ နယ်နိမိတ်ကို ကျော်သွားရင် မကောင်းမှုထဲကို နစ်မြုပ်သွားတော့တာပဲ။ ရက်ရောသဘောထားကြီးမှုဟာ လွန်သွားရင် လက်ဖွာတဲ့အဖြစ်ကို ရောက်သွားတယ်။ ခြိုးခြံချွေတာခြင်းဟာ လွန်သွားရင် ကပ်စေးနဲတဲ့အဖြစ်ကို ရောက်သွားတယ်။ သတ္တိကောင်းခြင်းဟာ လွန်သွားရင် မိုက်ရူးရဲအဖြစ်ကို ရောက်သွားတတ်တယ်။ သတိထားခြင်းဟာ လွန်သွားရင် ကြောက်တဲ့ အဖြစ်ကို ရောက်သွားတတ်တယ်။ ဒါကြောင့်မို့ ကောင်းမှုကို မှန်မှန်ကန်ကန်လုပ်ဖို့ဟာ မကောင်းမှု ကို ရှောင်ဖို့ထက် ခက်တယ်။ ပညာကို ဉာဏ်နဲ့ မအုပ်တတ်ရင် အမှားတွေ့တတ်တယ်။ ဘဝင်မြင့်တဲ့အဖြစ်ကို ရောက်တတ်တယ်။ ပညာရှိမဟုတ်ဘဲ ပညာရိအဖြစ်ကို ရောက်တတ်တယ်။ အချို့သောပညာရှိများဟာ သူတို့ပညာအတွက် မာနတက်ကြပြီး သူတို့ပြောတာမှ အမှန်ထင်ကြတယ်။ သူတို့ဆုံးဖြတ်တာကိုပဲ လိုက်နာစေချင်တယ်။ ရလဒ်ကတော့ လူ့လောကကြီးဟာ အစော်ကားခံရတဲ့အတွက် မခံချင် ဖြစ်လာတယ်။ ဖိနှိပ်ခံရတဲ့အတွက် နာကျည်းလာတယ်။ ဒီမှာတင် တော်လှန်ဖီဆန်လာတော့တာပဲ။ ဒီလိုအနိုင်ကျင့်မှုကို ခါချချင်တဲ့အတွက် တရားဝင်အာဏာစက်ကိုတောင် စိန်ခေါ်လာကြတော့တာပဲ။ ဒါကြောင့် မင်းဟာ ပညာတတ်လေလေ၊ ရိုကျိုးနှိမ့်ချမှုရှိလေလေ ဖြစ်ရမယ်။စိတ်ထဲမှာ ဘယ်လောက်ပဲ သေချာနေပေစေ မသေချာတဲ့အသွင်ပေါ်အောင်နေပါ။ တစ်ဖက်သားအပေါ်မှာ ငါ့စကားနွားရ မပြောပါနဲ့။ ကျိုးကြောင်းရှိရှိတင်ပြပါ။ တခြားသူကို သဘောပေါက်အောင် ပြောနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို သဘောပေါက်အောင် ပြောတဲ့အသွင်ဆောင်ပါ။ အချို့သောသူများဟာ သူတို့ဘယ်လောက်ပညာတတ်ကြောင်း ပြသချင်တဲ့အတွက်၊ ဒါမှမဟုတ် သူတို့မှာ အတန်းပညာတွေ ဘယ်လောက်ရခဲ့ကြောင်းပြချင်တဲ့အတွက် ရှေးခေတ်ကလူတွေကို ခုခေတ်လူတွေထက် ပိုတော်တဲ့ လူတွေအဖြစ် ချီးမြှောက်ပြောပြီး ခုခေတ်လူတွေကိုတော့ အဆင့်အတန်းမရှိတဲ့လူတွေလို ပြောလေ့ရှိကြတယ်။ သူတို့အိတ်ထဲကို ကြည့်လိုက်ရင်လည်း ရှေးဟောင်းဂန္ထဝင်တစ်အုပ် နှစ်အုပ်လောက်တော့ အမြဲထည့်ထားကြတယ်။ သူတို့က ရှေးခေတ်ကစာတွေကိုပဲ ဖတ်တယ်။ ခုခေတ် စာညံ့ စာဖျင်း၊ စာပေါ့ စာလွင်တွေကို မဖတ်ဘူးလို့ ဆိုကြတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်ကအတွင်းမှာ သိပ္ပံပညာမှာရော၊ အနုပညာမှာရော ဘာမှမယ်ရရ တိုးတက်မှုမရှိခဲ့ဘူးလို့လည်း ပြောကြသေးတယ်။ မင်းဟာ ရှေးဟောင်းစာပေတွေကို မလေ့လာဘဲမနေရုံတင်မကဘူး။ အဲဒီ ရှေးဟောင်းစာပေတွေကို ကျွမ်းကျင်နှံ့စပ်ရမယ်။ ခေတ်စာပေအကြောင်းကို ပြောတဲ့အခါမှာ လှောင်ပြောင်အထင်သေးတဲ့သဘောနဲ့ မပြောပါနဲ့။ ရှေးဟောင်း ဂန္ထဝင်အကြောင်းကို ပြောရာမှာလည်း ကိုးကွယ်ဆည်းကပ်တဲ့ သဘောနဲ့ မပြောပါနဲ့။ အဲဒီအရာတွေကို အကဲဖြတ်ရာမှာ ခေတ်နဲ့ အကဲမဖြတ်ဘဲ သူတို့ရဲ့ အရည်အချင်းနဲ့ အကဲဖြတ်ပါ။အိတ်ထဲမှာ ရှေးဟောင်းဂန္ထဝင်စာအုပ်များ ပါလာခဲ့ရင် ဒီစာအုပ်ကို လူမြင်အောင် မပြပါနဲ့။ ပါလာကြောင်းကိုလည်း မပြောပါနဲ့။ တချို့သော သုခမိန်များဟာ အများနဲ့ဆိုင်တဲ့ဘဝမှာရော၊ ကိုယ်ရေးကိုယ်တာဘဝအတွက်ရော ဆောင်ပုဒ်တွေကို ချမှတ်ရာမှာ မပြောင်းလဲဘဲ အတူတူချမှတ်လေ့ရှိကြတယ်။ ရှေးတုန်းက စာရေးဆရာကြီးတွေ၊ ပညာရှိကြီးတွေလည်း ဒီလိုပဲ အများဘဝနဲ့ ကိုယ်ရေးကိုယ်တာဘဝကို တစ်သဘောတည်း ထားကြတာပဲလို့ ပြောလေ့ရှိတယ်။ အမှန်ကတော့ ရှေးတုန်းက စာရေးဆရာကြီးတွေ၊ ပညာရှိကြီးတွေဟာ အများဘဝနဲ့ ကိုယ်ရေးကိုယ်တာဘဝကို တစ်သဘောတည်း ထားလေ့မရှိကြပါဘူး။ ကမ္ဘာကြီးဖြစ်ပေါ်လာကတည်းက တစ်ခုနဲ့တစ်ခု လုံးဝချွတ်စွတ်တူတဲ့အရာလို့ မရှိနိုင်ဘူး မဟုတ်လား။ နောက်တစ်ချက်က ဘယ်သမိုင်းဆရာ၊ ဘယ်ပညာရှိကဝိကမှလည်း အဖြစ်အပျက်တစ်ခုကို ဖော်ပြရာမှာ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်လို့ တစ်ခါတည်း ပြောနိုင်ခဲ့ကြတာ မဟုတ်ပါဘူး။ အဖြစ်အပျက်ကို သိပြီးမှသာလျှင် အကြောင်းတရားကို လိုက်ရှာကြရတာပါ။ အဖြစ်အပျက်တစ်ခုကို စစ်ဆေးတော့မယ်ဆိုရင် အဲဒီအဖြစ်အပျက်နဲ့တကွ ဒီအဖြစ်အပျက်ကို ပေါ်ပေါက်စေနိုင်တဲ့အခြေအနေတွေကို လိုက်ပြီး ရှာဖွေရတာပါ။ ရှေးက ပညာရှိကဝိတွေက ဆိုခဲ့လို့၊ သမိုင်းဆရာတွေက ဆိုခဲ့လို့ လက်ခံကြတာ မဟုတ်ဘူး။ လုပ်ချင်တယ်ဆိုရင် ရှေးတုန်းက တူသယောင်ရှိခဲ့တဲ့အဖြစ်အပျက်တွေကိုတော့ စဉ်းစားနိုင်တယ်။ ဒါပေမယ့် အကူအညီအဖြစ်သာယူပါ။ လမ်းညွှန်အဖြစ်မယူပါနဲ့။ တို့တစ်တွေဟာ ပညာသင်ကြားမှုကြောင့် တစ်ဖက်စောင်းနင်းဖြစ်သွားပြီး ရှေးက ပညာရှိကဝိတွေက သူတို့ သူရဲကောင်းတွေကို အမွှမ်းတင်တာနဲ့ တို့ကလည်း လိုက်ပြီး ရှေးက အရူးတွေကို အမွှမ်းတင်မိလျက်သား ဖြစ်နေတတ်တယ်။ ရှေးက ဂန္ထဝင်ဆိုတိုင်း အဟုတ်ထင်နေကြတာကိုး။ သူတို့လောက်မဆိုးပေမယ့် သူတို့နီးပါး မသိသားဆိုးရွားတဲ့ ပညာရှိကဝိတွေ ရှိသေးတယ်။ သူတို့ကတော့ မိန်းမတွေနဲ့ စကားပြောရာမှာတောင် ရှေးခေတ်က ဂရိစာပေတွေ၊ လက်တင်စာပေတွေ ကောက်နုတ်ကိုးကားပြီး ကြွားဝါတတ်တဲ့ ပညာရှိမျိုးတွေပဲ။ ဒီလိုလူတွေကတော့ ရှေးခေတ်ဂန္ထဝင်ထဲက စာပိုဒ်ကလေးတစ်ပိုဒ် နှစ်ပိုဒ်လောက်ကို အာဂုံကျက်၊ လူထူထူရှိတာနဲ့ အဲဒီ စာပိုဒ်ကလေးတွေကို အာဘောင်အာရင်း သန်သန်နဲ့ ကောက်နုတ်ကိုးကားပြီး သူတို့ကိုယ်သူတို့ ပညာရှိကဝိ အထင်ခံချင်တတ်ကြတယ်။ ဒါကြောင့်မို့ မင်းဟာ ပညာရှိယောင်ယောင်လို့ အခေါ်မခံချင်ရင်၊ တစ်ပြိုင်နက်တည်းမှာ နလပိန်းတုံးလို့လည်း အထင်မခံချင်ရင် ပညာရှိယောင်မဆောင်ချင်ပါနဲ့။ ပညာရှိယောင်မကြွားဝါပါနဲ့။ လူတွေထဲရောက်ရင် အများသူငါ ပြောတဲ့စကားကို ပြောပါ။ လူတွေပြောသလိုပြောပါ။ ကောက်နုတ်ကိုးကားတာမျိုးတွေ မလုပ်ပါနဲ့။ မင်းရောက်ရှိနေတဲ့ အသိုင်းအဝိုင်းထဲက လူတွေထက်ပိုပြီး ပညာရှိသယောင်၊ ပိုပြီးတတ်သယောင်မပြပါနဲ့။ အိတ်ဆောင်နာရီကို ကိုယ်တစ်ယောက်တည်း သိဖို့ အိတ်ထဲမှာလူမမြင်အောင် ဆောင်ထားသလို ပညာကိုလည်း ကိုယ့်အိတ်ထဲမှာပဲ ဆောင်ထားပါ။ လူတွေရှေ့မှာ နာရီကို ထုတ်ပြပြီး မကြွားပါနဲ့။ ကိုယ့်ကိုဘယ်နှစ်နာရီရှိပြီလဲလို့ လာမေးမှပြောပါ။ မမေးဘဲနဲ့ မပြောပါနဲ့။ အစောင့် သံချောင်းခေါက်သလို နာရီတိုင်း နာရီတိုင်းကို မောင်းခေါက်မနေပါနဲ့။ ချုပ်ပြောရမယ်ဆိုရင်တော့ ပညာ ဟာ အသုံးကျပြီး လိုအပ်တဲ့ အဆင်အယင်တစ်ခုပဲ။ လူလေးသို့ပေးစာများ - မြသန်းတင့် မှ ကူးယူဖော်ပြပါသည်။

"ယောက်ျား" အသုံးပြုပုံရှင်းလင်းချက်(Manual)

【ပစ္စည်းအမည်】 အများအားဖြင့် ယောက်ျားဟုသုံးနှုန်း၊ လူကြားသူကြားတွင် အမျိုးသားသို့မဟုတ် ခင်ပွန်းဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟုသုံးနှုန်း 【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့် ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်များပါဝင် 【စရိုက်လက္ခဏာ】ဤပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန်ရှိသည်။ သာမန်အားဖြင့် မျက်နှာပြင်အား ချိုမြိန်တီတာသောစကားများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အညိုဖျော့ရောင် အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့်ဖယ်ရှားပြီးမှာ အနည်းငယ် ခြားနားကြောင်းတွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။ ခါးကုန်းခြင်း၊ ထိပ်ပြောင်ခြင်းသဏ္ဍာန်များ ဖြစ်ပေါ်တတ်သည်။ သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။ 【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မိခင်စိတ်ကြီးမားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် စွဲလမ်းခြင်းဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။ 【အသုံးပြုပုံ】တစ်သက်တွင် တစ်ခုသာအသုံးပြုရန် အကြံပြုသည်။ 【သတိထားရမည့်အချက်】 ဤပစ္စည်းသည် တစ်ကိုယ်ရေအမျိုးသမီးများနှင့်သာ သင့်တော်သည်။ အသုံးပြုချိန်တွင် သတိနှင့်အသုံးပြုရမည်။ ဤပစ္စည်းကြောင့် မျက်နှာဖုရောင်၊ အညိုအမည်းစွဲခဲ့လျင် အသုံးပြုနေရာမှ ချက်ချင်းရပ်လိုက်ပါ။ မရှိခဲ့ပါက ဆက်လက်အသုံးပြုနိုင်ပါသည်။ 【အတိုင်းအတာ သတ်မှတ်ချက်】 ဤပစ္စည်းသည် သာမန်အားဖြင့် အလေးချိန်၆၅ကီလိုမှ ၇၅ကီလိုအတွင်း ရှိသည်။ ထိုထက်ကျော်လွန်ခဲ့သော် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ 【တားမြစ်ချက်】 မည့်သည့်အချိန်အခါတွင်ဖြစ်စေ "အသုံးမကျ"ဟု မပြောရ။ 【သိုလှောင်ထားမည့်နေရာ】 သာမန်အပူချိန်အောက်တွင် ထားနိုင်သည်။ အိမ်တွင်း လေရသောနေရာသည် အကောင်းဆုံးဖြစ်သည်။ အိမ်အပြင်တွင်ဖြစ်ပါက အမျိုးသမီးများသည့်နေရာတွင် မထားရန်နှင့် ညအိပ်ညနေ မထားခဲ့ရန် သတိပြုရမည်။ 【အထုပ်အပိုး】 အနောက်တိုင်း၊ အရှေ့တိုင်းဝတ်စုံများကို ရာသီဥတုနှင့်လိုက်ပြီး ပြောင်းလဲနိုင်သည်။ 【ဒိတ်လွန်နေ့စွဲ】စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်း အတိုင်းအတာနှင့်လိုက်ပြီး တစ်သက်တာဖြစ်နိုင်သလို အတိုဆုံးမှာ တစ်ရက်၊ တစ်လလည်းဖြစ်နိုင်သည်။ 【အတည်ပြုအမှတ်】အတည်ပြုအမှတ်ကို အတွင်းစာသား လက်ထပ်လက်စွပ်ရှင်းလင်းချက်တွင် ဖတ်နိုင်သည်။ 【ထုတ်လုပ်သည့်နေရာ】 မိခင်ဝမ်းဗိုက်မှ အရပ်လက်သည် သို့မဟုတ် ပြည်သူ့ဆေးရုံ 【အထူးအသိပေးချက်】 အချစ်ကြီး၊ ခံစားချက်ကြီးသော အမျိုးသမီးများ သတိပြုသုံးစွဲရမည်။ သို့မဟုတ်ပါက စိတ်ရှုပ် စိတ်ညစ်၊ စိတ်ထိခိုက်ကြေကွဲနိုင်သည့် အခြေအနေများ ဖြစ်ပေါ်တတ်သည်။ မူရင်း-- http://tieba.baidu.com/f?kz=39108473 နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ရေဟာ ကြိုက်ကြိုက်ဆူအောင်ပူနေပေမယ့်... မီးခဲကိုတော့ ငြိမ်းစေနိုင်တယ်။ ရွှံညွှန့်ရေဟာ နောက်ကျုနေပေမယ့် အစင်အညစ်အကြေးကိုတော့ ပြောင်စင်စေနိုင်တယ်။ သစ်သီးမှာ အပုပ်အနာရှိပေမယ့် ငတ်မွတ်ဆာလောင်နေသူကိုတော့ အဆာပြေ ပြောက်စေနိုင်တယ်။

မွှေလို့ချိုတာပါ

"It is not the sugar it makes the tea sweet, but the stirring." (Sam Levenson) သကြားက လက်ဖက်ရည်ကို ချိုစေတာ မဟုတ်ဘူး။ မွှေလို့ချိုတာပါ။ (ဆမ်လီဘီဆင်) ''ကံကောင်းသူကတော့ပိုပြီး အလုပ်လုပ်ဖြစ်တာပဲ'' အလုပ်ဟာ ကံ၊ ကံဟာ အလုပ်လို့ ကျွန်တော်တို့ခဏခဏ ပြောကြတယ်။ ''အချို့လူတွေဟာချမ်းသာတယ်။မွေးကတည်းက သူတို့လက်ဖက်ရည်ခွက်ထဲမှာ သကြားရှိတယ်။ သူတို့ကတော့မွှေရုံ ပဲ ပေါ့'' နောက်တစ်ယောက်က ပြော တယ်။ ''ကျွန်တော်တို့လို လူ တွေကတော့ မိဘဆင်းရဲတယ်။ လက်ဖက်ရည်ခွက်ထဲကို သကြား ထည့်မပေးထားနိုင်ဘူး'' ''ခင်ဗျား စဉ်းစားကြည့် လေ။ လက်ဖက်ရည်ထဲ သကြား မရှိဘဲ ဘယ်လောက်မွှေမွှေ ချိုမ လာနိုင်ဘူးပေါ့'' သူပြောတာလည်း ဟုတ် ပါတယ်။ ''ဒါဆို သကြား ရှိ၊ မရှိမသိ လို့ မမွှေဘဲ နေရမှာလား'' သူတို့တစ်တွေ ဘာမှ မပြောပါဘူး။ ဒါပေမယ့် အကြာကြီး စဉ်းစားနေတယ်။ ''မိမိ တတ်နိုင်တာလေး ကို လုပ်ရမှာပဲ။ သကြား ရှိ၊ မရှိ စောင့်နေလို့မရဘူး။ တစ်ခုခုလုပ်ရင် အဆင်ပြေမှာပါပဲ'' လို့ ပထမ သူငယ် ချင်းက ပြောတယ်။ ''တကယ်တော့ ကမ္ဘာကြီးဟာ သကြားတွေထည့်ထားတဲ့ လက်ဖက်ရည်ခွက်ကြီးပါ''နောက်တစ်ယောက်ကပြောလိုက်တော့မှ ကျွန်တော်တို့အားလုံး ဒီအယူအဆကို သဘော ပေါက်သွားတယ်။ ''တို့နိုင်ငံမှာ သယံဇာတပေါကြွယ်ဝတယ်။ ဒီတော့ သကြားအများကြီးပါပဲ'' ''ဆမ်လီဘင်ဆင်က ဒါကိုပြောတာဖြစ်မှာပါ။ တို့လူငယ်တွေ မွှေနိုင်မှအလုပ်ဖြစ်မှာ'' စပါးရှိရင် စိုက်မှမျိုးပွားမယ်။ဆန်ရှိရင်ချက်မှ စား ရမယ်။ မြစ်ထဲက ငါးကိုလည်း ဖမ်းမှ ဆိုတာကိုလည်း ပြောဆိုဆွေး နွေးကြတယ်။ ''တို့နိုင်ငံမှာ သယံဇာတတွေပေါတယ်။ ဒါကြောင့်တို့တစ်တွေ ချမ်းသာပြီဆိုပြီးထိုင်နေလို့မရဘူး'' ''တို့တစ်တွေမှာ နည်းပညာတွေ လိုတယ်'' ''ဒါဆိုရင်လည်း သင်ယူ ရမှာပေါ့'' သူတို့က ဆိုလိုရင်းကို ပြန်ကောက်တယ်။ ''အေး- လူငယ်တွေရဲ့ အယူအဆ-Conceptsတွေကိုပြင်ရမယ်'' ကျွန်တော် သိပါတယ်။ သူတို့က လက်ဖက်ရည်ဆိုင် အထိုင်များတဲ့ လူငယ်တွေကိုပြောတာပါ။ စာအုပ်တွေအဖတ်နည်းတဲ့လူငယ်တွေကိုပြောတာ။ စာကြည့်တိုက်မရောက်ဖူးသူ လူငယ်တွေကိုပြော တာပါ။ ဒါပေမယ့် ခက်တယ်။ တကယ်တော့ အယူအ ဆ- Concepts ဆိုတာ ဒီအတိုင်း ပြင်လို့မရဘူး။ လူတွေဟာ ခေါင်းမာတယ်။ လူဆိုတာ ဆင်းရဲဒဏ်ကိုခံနိုင်တယ်လေ။ အင်မတန်သည်းညည်းလည်း ခံတတ်တယ်။ကောင်းတယ်ဆိုပေမယ့် မပြောင်းဘူး။ မပြောင်းဘဲပေ ခံတယ်။ အလယ်ခေတ်က အဖြစ်အပျက်တွေကို ပြန်ကြည့်မိတယ်။ ''ဒီနေ့မှာတော့ အဲဒီနိုင်ငံတွေအရှိန်အဟုန် ပြင်းထန်စွာ တိုးတက်နေတာကို တွေ့နေရတယ်'' လူငယ်တွေ တိတ်ဆိတ်နေကြတယ်။ ''တရုတ်၊ ဂျပန်၊ အမေ ရိကန်စတဲ့ နိုင်ငံတွေလား'' တစ်ယောက်က မေးလိုက်တယ်။ ''ဟုတ်ပါတယ်။ ဒီနိုင်ငံတွေ မွှေနိုင်လို့ချိုလာတဲ့ လက်ဖက်ရည်ခွက်တွေပဲ'' လက်ဖက်ရည်ထဲသကြားရှိပေမယ့်မမွှေဘဲချိုမလာဘူး။ မရှိရင်တော့သကြားထည့်ရမှာပေါ့။ကျွန်တော်တို့ကမ္ဘာကြီးမှာသကြားတွေ အများကြီး။ စဉ်းစားပါ။ ဘာမှမလုပ်ဘဲ နေမလား။ မွှေကြည့်မှာလား။ တကယ်တော့ ဇွန်းလည်းတပ်ထားပါတယ်။ ဘာလိုသေးလဲ။ ဒီမိုကရေစီလမ်းကြောင်းသွားနေကြတယ်လေ။ လူငယ်တွေ လက်ဖက်ရည်ကိုမွှေကြည့်မှာလား။ ဒေါက်တာ ခင်မောင်ညို

မိန်းမတွေ မငြိုငြင်အောင် ဘယ်လိုနေရမလဲ .

ယောင်္ကျား-၁။ မိန်းမတွေ မငြိုငြင်အောင် ဘယ်လိုနေရမလဲ .. ယောင်္ကျား-၂။ အင်း.. ကိုယ်ကမှားတဲ့အချိန်ကျရင် အမှန်အတိုင်းဝန်ခံလိုက်၊ ကိုယ်က မှန်တဲ့အချိန်ကျရင် တိတ်တိတ်နေပေးလိုက်။

သို့ /

သို့ / အကြောင်းအရာ။..........။ ချစ်သူရာထူးမှ နုတ်ထွက်ခြင်း ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်သာကာလအတွင်း သခင်အပါး အမြဲခစား လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။ နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန် ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည် အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။ သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။ ချစ်သူဟူသောတာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။ နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့် သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။ တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော်လည်းကောင်း၊ သခင်နှင့် အငြင်းပွားမိလျှင်သော်လည်းကောင်း ကျွန်တော်မျိုးအား အလုပ်ထုတ်ရန် သခင်အမိန့်ချ ဆုံးဖြတ်ခဲ့သော်လည်း နောင်နောက် ၄င်းအမှားမျိုး မလုပ်မိအောင် ကျွန်တော်မျိုး ဆင်ခြင်ပါ့မည်ဟု ဝန်ခံဂတိပေးပြီး ဤတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့၏။ တစ်နှစ်သာကာလအထိ ဤတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်အောင် အခွင့်အရေးပေးခဲ့သော သခင်အား ကျေးဇူးတင်လှပါသည်။ သို့သော် ဤတာဝန်သည် ကျွန်တော်မျိုးနှင့် မအပ်စပ်လှသောကြောင့် ကျွန်တော်မျိုးအား သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် တောင်းဆိုလျှောက်တင်ပါသည်။ သူငယ်ချင်းများနှင့် ရယ်ရယ်မောမော သခင်ပျော်ပါး၏။ မကြာခဏ သူတို့နှင့် သခင် တွေ့ဆုံစားသောက်၏။ ထိုသူငယ်ချင်းများကို ကျွန်တော်မျိုး အားကျပါသည်။ သူငယ်ချင်း တာဝန်မှာ သခင့်အပါး အမြဲခစားစရာ မလို။ ယခုဖုန်းဆက် ယခုအပါးတော် ရောက်စရာမလို။ ကြိုပို့စရာ မလို။ ငွေရှင်းစရာ မလို။ လက်ဆောင်ပဏ္ဍာ ဆက်သရန် မလို။ သခင် မျက်ကွယ်ပြုမှု ခံစရာမလို။ နေခြည်ပမာ ကြည်လင်သော သခင့်အပြုံးကို သူတို့ အမြဲ ဖူးမြင်ရ၏။ ချိုသာသော သခင့်စကားကို သူတို့နားဆင်ရ၏။ သို့သော် ချစ်သူတာဝန်ကို ထမ်းဆောင်ထားရသော ကျွန်တော်မျိုး၏ တာဝန်မှာ တစ်နေ့တစ်ခြား ကြီးလေးလာသည့်အပြင် ကောင်းမွန်သော ဆက်ဆံမှုမျိုး မရရှိခဲ့၊ ထိုကဲ့သို့ ချစ်ခင်နှစ်လိုသော စကားများ မကြားခဲ့ရ၊ သူငယ်ချင်းထက်ပိုသော ဂရုစိုက်မှုမျိုး မခံစားခဲ့ရ၊ လက်ဆောင်ပဏ္ဍာ ပေးသနားခြင်းလည်း မရှိခဲ့၊........ ၊ ...... ထို့ကြောင့် ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါသည်။ လေးစားစွာဖြင့် သခင့်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းတစ်ဦး ××××××××××××××××××××××××××××× ×××××××××××××××××××××××××××××× သို့ / အကြောင်းအရာ။.........။ ရာထူးနုတ်ထွက်သူအား ပြန်ကြားစာ ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးရန် လျှောက်တင်ထားသော အသင်၏ စာအား ဖတ်ရှုပြီးနောက် အထက်လူကြီး အုပ်ထိန်းသူမိဘများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ ရှင်းလင်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ အသင်လာရောက် တွေ့ဆုံမေးမြန်းစဉ်က ချစ်သူဟူသည့် တာဝန်ဖြစ်သည်။ သူငယ်ချင်း မဟုတ်ဟု အလုပ် စလျှောက်စဉ်က အသင်တောင်းဆိုခဲ့သည်။ အသင်အား စမ်းသပ်ကာလမှာပင် အသင်၏ တာဝန်ယူညံ့ဖျင်းမှုကြောင့် အလုပ်ထုတ်ခံရလုနီးနီး ဖြစ်ခဲ့သော်လည်း ကြိုးစားစွမ်းဆောင်ပြီး အမှုတော်ထမ်းပါမည်ဟု အသင်၏ ဝမ်းနည်းပက်လက် တောင်းဆိုဝန်ခံဂတိပေးမှုကြောင့် ဤရာထူးကို ခန့်အပ်ခဲ့သည်။ ချစ်သူဟူသည်မှာ အချိန်ပြည့် အလုပ်ဖြစ်သည်။ အချိန်ပိုင်းအလုပ်ဖြစ်သည့် သူငယ်ချင်းနှင့်မတူပေ။ ထို့ကြောင့် အလုပ်တာဝန်မှာ သူငယ်ချင်းထက် ပိုများရခြင်းဖြစ်သည်။ ထို့အတူ လစာနှင့် ခံစားထိုက်သည့် အခွင့်အရေးမှာလည်း သူငယ်ချင်းထက် ပိုခဲ့သည်။ ဥပမာ- ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း၊ အထက်အကြီးအကဲ မိဘများနှင့် ညစာအတူစားခြင်း ... စသည့်စသည့် အခွင့်အရေးများအပြင် အဘိုး၊ အဖေ၊ လင်ယောက်ျားအဖြင့်သို့ ရာထူးတက်နိုင်သေးသည်။ ဤသည်မှာ သူငယ်ချင်းများ လုံးဝမရနိုင်သော အခွင့်အရေးဖြစ်သည်။ နောက်ဆုံးပြောကြားလိုသည်မှာ ယခုလက်ရှိ သူငယ်ချင်းနေရာတွင် နေရာလွတ် မရှိသေးပေ။ ချစ်သူနေရာကိုလည်း လစ်ဟင်းထား၍မဖြစ်။ ထို့ကြောင့် ချစ်သူနေရာတွင် လူစားရှာမရသရွေ့ (သို့) တာဝန်ထမ်းဆောင်လိုသူ မရှိသရွေ့ အသင်အား အရံနေရာသို့ ပြောင်းရွေ့ထားမည်ဖြစ်သည်။ အရံဟူသည်မှာ သခင့်အပါး နေ့တိုင်းခစားစရာ မလိုသောကြောင့် တာဝန်နှင့်ဖိစီးနေသော အသင့်စိတ်အား ခေတ္တခဏ ဖြေဖျောက်နိုင်သည်။ ချစ်သူ့တာဝန်အား လွဲပြောင်းသူပေါ်လာမှ အသင့်အား လိုအပ်သည့်နေရာ - ဥပမာ- သူငယ်ချင်းနေရာသို့ ပြောင်းရွေ့ပေးမည်။ သို့မဟုတ် အသင်သဘောနှင့် အသင် လုံးဝထွက်ခွာမည်ဆိုလည်း ရ၏။ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာခြင်းသည် လျှော်ကြေးမရကြောင်း အသိပေးအပ်ပါသည်။ ဤတစ်နှစ်သာ ကာလအတွင်း အသင်၏ကြိုးစားမှုအား ကျေးဇူးတင်ပါသည်။ အထက်မိဘ လူကြီးများကိုယ်စား အဖွဲ့ဝင်တစ်ဦး 3 အကြောင်းအရာ။..........။ ချစ်သူရာထူးမှ နုတ်ထွက်ခြင်း ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်သာကာလအတွင်း သခင်အပါး အမြဲခစား လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။ နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန် ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည် အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။ သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။ ချစ်သူဟူသောတာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။ နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့် သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။ တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော်လည်းကောင်း၊ သခင်နှင့် အငြင်းပွားမိလျှင်သော်လည်းကောင်း ကျွန်တော်မျိုးအား အလုပ်ထုတ်ရန် သခင်အမိန့်ချ ဆုံးဖြတ်ခဲ့သော်လည်း နောင်နောက် ၄င်းအမှားမျိုး မလုပ်မိအောင် ကျွန်တော်မျိုး ဆင်ခြင်ပါ့မည်ဟု ဝန်ခံဂတိပေးပြီး ဤတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့၏။ တစ်နှစ်သာကာလအထိ ဤတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်အောင် အခွင့်အရေးပေးခဲ့သော သခင်အား ကျေးဇူးတင်လှပါသည်။ သို့သော် ဤတာဝန်သည် ကျွန်တော်မျိုးနှင့် မအပ်စပ်လှသောကြောင့် ကျွန်တော်မျိုးအား သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် တောင်းဆိုလျှောက်တင်ပါသည်။ သူငယ်ချင်းများနှင့် ရယ်ရယ်မောမော သခင်ပျော်ပါး၏။ မကြာခဏ သူတို့နှင့် သခင် တွေ့ဆုံစားသောက်၏။ ထိုသူငယ်ချင်းများကို ကျွန်တော်မျိုး အားကျပါသည်။ သူငယ်ချင်း တာဝန်မှာ သခင့်အပါး အမြဲခစားစရာ မလို။ ယခုဖုန်းဆက် ယခုအပါးတော် ရောက်စရာမလို။ ကြိုပို့စရာ မလို။ ငွေရှင်းစရာ မလို။ လက်ဆောင်ပဏ္ဍာ ဆက်သရန် မလို။ သခင် မျက်ကွယ်ပြုမှု ခံစရာမလို။ နေခြည်ပမာ ကြည်လင်သော သခင့်အပြုံးကို သူတို့ အမြဲ ဖူးမြင်ရ၏။ ချိုသာသော သခင့်စကားကို သူတို့နားဆင်ရ၏။ သို့သော် ချစ်သူတာဝန်ကို ထမ်းဆောင်ထားရသော ကျွန်တော်မျိုး၏ တာဝန်မှာ တစ်နေ့တစ်ခြား ကြီးလေးလာသည့်အပြင် ကောင်းမွန်သော ဆက်ဆံမှုမျိုး မရရှိခဲ့၊ ထိုကဲ့သို့ ချစ်ခင်နှစ်လိုသော စကားများ မကြားခဲ့ရ၊ သူငယ်ချင်းထက်ပိုသော ဂရုစိုက်မှုမျိုး မခံစားခဲ့ရ၊ လက်ဆောင်ပဏ္ဍာ ပေးသနားခြင်းလည်း မရှိခဲ့၊........ ၊ ...... ထို့ကြောင့် ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါသည်။ လေးစားစွာဖြင့် သခင့်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းတစ်ဦး ××××××××××××××××××××××××××××× ×××××××××××××××××××××××××××××× သို့ / အကြောင်းအရာ။.........။ ရာထူးနုတ်ထွက်သူအား ပြန်ကြားစာ ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးရန် လျှောက်တင်ထားသော အသင်၏ စာအား ဖတ်ရှုပြီးနောက် အထက်လူကြီး အုပ်ထိန်းသူမိဘများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ ရှင်းလင်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ အသင်လာရောက် တွေ့ဆုံမေးမြန်းစဉ်က ချစ်သူဟူသည့် တာဝန်ဖြစ်သည်။ သူငယ်ချင်း မဟုတ်ဟု အလုပ် စလျှောက်စဉ်က အသင်တောင်းဆိုခဲ့သည်။ အသင်အား စမ်းသပ်ကာလမှာပင် အသင်၏ တာဝန်ယူညံ့ဖျင်းမှုကြောင့် အလုပ်ထုတ်ခံရလုနီးနီး ဖြစ်ခဲ့သော်လည်း ကြိုးစားစွမ်းဆောင်ပြီး အမှုတော်ထမ်းပါမည်ဟု အသင်၏ ဝမ်းနည်းပက်လက် တောင်းဆိုဝန်ခံဂတိပေးမှုကြောင့် ဤရာထူးကို ခန့်အပ်ခဲ့သည်။ ချစ်သူဟူသည်မှာ အချိန်ပြည့် အလုပ်ဖြစ်သည်။ အချိန်ပိုင်းအလုပ်ဖြစ်သည့် သူငယ်ချင်းနှင့်မတူပေ။ ထို့ကြောင့် အလုပ်တာဝန်မှာ သူငယ်ချင်းထက် ပိုများရခြင်းဖြစ်သည်။ ထို့အတူ လစာနှင့် ခံစားထိုက်သည့် အခွင့်အရေးမှာလည်း သူငယ်ချင်းထက် ပိုခဲ့သည်။ ဥပမာ- ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း၊ အထက်အကြီးအကဲ မိဘများနှင့် ညစာအတူစားခြင်း ... စသည့်စသည့် အခွင့်အရေးများအပြင် အဘိုး၊ အဖေ၊ လင်ယောက်ျားအဖြင့်သို့ ရာထူးတက်နိုင်သေးသည်။ ဤသည်မှာ သူငယ်ချင်းများ လုံးဝမရနိုင်သော အခွင့်အရေးဖြစ်သည်။ နောက်ဆုံးပြောကြားလိုသည်မှာ ယခုလက်ရှိ သူငယ်ချင်းနေရာတွင် နေရာလွတ် မရှိသေးပေ။ ချစ်သူနေရာကိုလည်း လစ်ဟင်းထား၍မဖြစ်။ ထို့ကြောင့် ချစ်သူနေရာတွင် လူစားရှာမရသရွေ့ (သို့) တာဝန်ထမ်းဆောင်လိုသူ မရှိသရွေ့ အသင်အား အရံနေရာသို့ ပြောင်းရွေ့ထားမည်ဖြစ်သည်။ အရံဟူသည်မှာ သခင့်အပါး နေ့တိုင်းခစားစရာ မလိုသောကြောင့် တာဝန်နှင့်ဖိစီးနေသော အသင့်စိတ်အား ခေတ္တခဏ ဖြေဖျောက်နိုင်သည်။ ချစ်သူ့တာဝန်အား လွဲပြောင်းသူပေါ်လာမှ အသင့်အား လိုအပ်သည့်နေရာ - ဥပမာ- သူငယ်ချင်းနေရာသို့ ပြောင်းရွေ့ပေးမည်။ သို့မဟုတ် အသင်သဘောနှင့် အသင် လုံးဝထွက်ခွာမည်ဆိုလည်း ရ၏။ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာခြင်းသည် လျှော်ကြေးမရကြောင်း အသိပေးအပ်ပါသည်။ ဤတစ်နှစ်သာ ကာလအတွင်း အသင်၏ကြိုးစားမှုအား ကျေးဇူးတင်ပါသည်။ အထက်မိဘ လူကြီးများကိုယ်စား အဖွဲ့ဝင်တစ်ဦး

တကယ်တော့ ...

လူတွေဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံးဖြစ်သလို ကိုယ်ဘက်ကိုပဲကြည့် တက်ကြပါတယ်။ တစ်ခြားတစ်ဖက် ( other sight ) ကနေ ခံစား ကြည့်တတ်တဲ့သူ စာနာနားလည်ပေးနိုင်တဲ့သူ အလွန်းနည်းပါးလှပါတယ်။ တစ်ခြားတစ်ဖက် ( other sight ) ကနေ ... ကြည့်နိုင်/ မြင်နိုင်/တွေးနိုင်တဲ့သူများဖြစ်ကြပါစေ။ 1

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

by မျိုး ထွဋ် (Notes) on Sunday, June 30, 2013 at 7:02pm Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။ အလန်ကလီးမင့်ထ်စ် “ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။” ဒေါ်အောင်ဆန်းစုကြည် “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။” အလန်ကလီးမင့်ထ်စ် “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။” ဒေါ်အောင်ဆန်းစုကြည် “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။ ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။ ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။ ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။ မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။ အလန်ကလီးမင့်ထ် လွန်ခဲ့တဲ့နှစ်တော်တော်ကြာကဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။ ဒေါ်အောင်ဆန်းစုကြည် မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။ အလန်ကလီးမင့်ထ် ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။ ဒေါ်အောင်ဆန်းစုကြည် ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။ ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။ အလန်ကလီမင့်ထ် ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ ဒေါ်အောင်ဆန်းစုကြည် အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။ အလန်ကလီမင့်ထ် ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။ အလန်ကလီးမင့်ထ် ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။ ဒေါ်အောင်ဆန်းစုကြည် စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။ အလန်ကလီမင့်ထ် နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။ ဒေါ်အောင်ဆန်းစုကြည် ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။ အလန်ကလီမင့်ထ် ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။ ဒေါ်အောင်ဆန်းစုကြည် ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။ ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။ အလန်ကလီမင့်ထ် ၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။ အလန်ကလီမင့်ထ် “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။” ဒေါ်အောင်ဆန်းစုကြည် “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။ အလန်ကလီမင့်ထ် “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။” ဒေါ်အောင်ဆန်းစုကြည် “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။” အလန်ကလီမင့်ထ် “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ” ဒေါ်အောင်ဆန်းစုကြည် “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

ဂဏန်းဆိုတာ

ပင်လယ်ကမ်းစပ်မှာ လူတစ်ယောက် ဂဏန်းတွေ လိုက်ကောက်နေတယ်။ ကောက်သမျှ ဂဏန်းကောင်တွေ ကို ပလိုင်းတစ်ခုထဲ ထည့်ထည့် ယူတယ်။ ဒါပေမယ့် အဲ့ ပလိုင်းမှာ အဖုံး အပိတ် မပါဘူး။ ဖွင့်ရက်သားကြီးပဲ။

ဒါကို လမ်းသွားရင်း လူငယ်တစ်ယောက် က တွေ့တော့ မေးတယ်။ "အကိုကြီး၊ ခင်ဗျား ဟာ က - ပလိုင်းပေါက်နဲ့ ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊ အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား"

ဂဏန်းကောက်သူ က ပြန်ဖြေတယ်။ "ညီ။ မင်း ဂဏန်းတွေ အကြောင်း မသိပဲကိုးကွ။ ဂဏန်းတွေ ဆိုတာ အပေါ်ထွက်ပေါက် တစ်ခုရလို့၊ တစ်ကောင်က လုယက် တက်ရင် နောက် တစ်ကောင် ကလည်း လိုက်ပြီး အလုအယက် တက်တယ်။ လုတက်တယ် ဆိုကတည်းက အောက်တစ်ကောင်က အပေါ် တစ်ကောင်ကို သူ့လက်တွေနဲ့ ချိတ်ယူပစ်တာ၊ ဆွဲချပစ်တာရယ်။ အဲ့လိုနဲ့ တစ်ကောင်နဲ့ တစ်ကောင် တက်ရင်း၊ ချိတ်ရင်း ကြိုးပမ်းရင်းက တစ်ကောင် ကို တစ်ကောင် က ဆွဲချ နေကြပါရော။ စိတ်ချသာနေ ငါ့ညီ။ ဘယ် ကောင်မှ ပလိုင်းထဲက ထွက်မလာနိုင်ကြဘူးပဲ။ ဒီ ပလိုင်းဖုံးကို အေးဆေးသာ ဖွင့်ထား။ ဂဏန်း ဆိုတဲ့ အမျိုးဟာ သူတို့ ကိုယ်တိုင်သာ အပေါ်မရောက်ဘဲ ရှိမယ် - "ဆွဲချ" နေရာမှာ အင်မတန် သန်ကြတယ်

ဒေါသထိန်းနည်း

ယောက်ျားဖြစ်သူက မိန်းမကိုမေးတယ်။ "နင့်ကိုငါ စိတ်ညစ်အောင်လုပ်တာတောင် နင်ပြန်မငြင်းခဲ့ဘူးနော်! နင့်ဒေါသကို နင်ဘယ်လို ထိန်းခဲ့တာလဲ!" "ငါ အိမ်သာသွားဆေးတယ်လေ" "ထူးလို့လား?" "ထူးတာပေါ့။ နင့်ရဲ့သွားတိုက်တံနဲ့ ဆေးတာလေ" သတိထားကြနော်....

အလုပ်လုပ်ချိန်

*ရက်ရာဇာ၊ ပြဿဒါး ရွေးမနေနဲ့၊သူတော်ကောင်း အလုပ်လုပ်နေတဲ့အချိန်ဟာ မင်္ဂလာအချိန်လို့မှတ်ပါ။

ဖေဖေ့ သမီးလေး

ချစ်သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့ မင်္ဂလာဦးညမှာ နှစ်ဦးသား ကတိသစ္စာ တစ်ခုထားကြတယ်။ အဲဒီကတိသစ္စာကတော့ သူတို့ဆီကို ဘယ်သူပဲလာလာ “တံခါးဖွင့် မပေးကြေး” ဆိုတဲ့ကတိပဲဖြစ်ပါတယ်။ ပထဆုံးနေ့မှာတော့ အမျိုးသားရဲ့ မိဘများက သူတို့ကိုကြည့်ရှုဖို့ အခန်းကိုလာပြီး တံခါးခေါက်ပါတယ်။ နှစ်ဦးသား တစ်ဦးကို တစ်ဦး ကြည့်နေကြတယ်။ ချစ်သူတို့နှစ်ယောက် ဘယ်သူကိုမှ ဖွင့်မပေးကြေးလို့ သဘောတူထားတော့ အမျိုးသားက သူ့မိဘတွေပင်ဖြစ်သော်လည်း တံခါးကို ဖွင့်မပေးခဲ့ဘူးတဲ့။ တစ်နေ့တည်းမှာပဲ ရှေ့နောက်ဆိုသလို အမျိုးသမီးများရဲ့ မိဘများက သူတို့ကို ကြည့်ဖို့ တံခါးလာ ခေါက်ပြန်တယ်။ ချစ်သူတို့နှစ်ယောက် တစ်ယောက် တစ်ယောက်ကြည့်နေရင်း အမျိုးသမီးက မျက်ရည်တွေကျလာကာ “ ငါ့မိဘတွေကိုတော့ ဒီလို ငါမလုပ်ရက်ဘူး” အမျိုးသမီးက ပြောပြီး တံခါးကို ဖွင့်ပေးလိုက်တယ်။ အဲဒီအချိန်းတုန်းကတော့ အမျိုးသားက ကတိသစ္စာဖောက်ကာ တံခါးဖွင့်ပေးလိုက်တဲ့ ဇနီးကို ဘာတခွင်းမှ မပြောခဲ့ပါဘူး။ နှစ်တွေအလီလီပြောင်းလို့ သူတို့ဇနီးမောင်နှံမှာ သားလေးယောက်နဲ့နောက်ဆုံး သမီးလေးတစ်ယောက် မွေးဖွားလာပါတယ်။ တစ်နေ့တော့ အဖေဖြစ်သူက သမီးလေးအတွက် မွေးနေ့ပါတီကို ကြီးကျယ်ခမ်းနားစွာလုပ်ဖို့ သူ့အသိမိတ်ဆွေတွေအားလုံးကို ဖိတ်လိုက်ပါတယ်။ အဲဒီညမှာတော့ သူ့ဇနီးက “ ဘာကြောင့် ထူးထူဆန်းဆန်း သမီးလေးကျမှ မွေးနေ့ပါတီကြီးကျင်းပရတာလဲ၊ သား လေးယောက်တုန်းက မလုပ်ခဲဘူးပဲနဲ့” လို့မေးလိုက်ပါတယ်။ ဒီတော့ အမျိုးသာက ရိုးရိုးပဲဖြေလိုက်ပါတယ် “ သမီးက ငါ့ကို တံခါးဖွင့်ပေးမယ့် သူမဟုတ်လားလို့” (ဘာသာပြန်)

တရားစွဲမယ်......

တခါက အင်ဂျင်နီ ယာတစ်ဦး သေဆုံးသွား ရာ ငရဲပြည်သို့ မှားယွင်းပီး ကျလေ၏။ ထိုအခါ အင်ဂျင်နီယာဖြစ်သူသည် ငရဲပြည် တွင် နေထိုင် ရသည်မှာ ဒုတ်က္ခ အကြီးအကျယ်ရောက်သဖြင့်..... လေအေးပေးစက်များ တပ်ဆင်ခြင်း ၊ ဓါတ်လှေကားများ တပ်ဆင်ခြင်း ၊ နှင့် အခြားလိုအပ်သော ခေတ်မီ ကရိယာများကို တည်ဆောက်တပ်ဆင်လေသည်။ တစ်နေ့တွင် နတ်ပြည်ရှိ သိကြားမင်းမှ ငရဲ ဘုံရှိ ယမမင်းထံ ဖုန်းဆက် ၍ အခြေအနေကိုမေး၏။ ထိုအခါ ယမမင်းမှ အားရ၀မ်းသာနှင့်....... " အေးဗျ။ အားလုံးအဆင်ပြေတယ်။ အခု အသစ်ရောက် လာတဲ့ အင်ဂျင်နီယာက ငရဲဘုံ တစ်ခုလုံး ပြုပြင်လိုက်တာ အရင်ကနဲ့ ဘာမှမဆိုင်တော့ဖူး ....သိကြားမင်းရေ........"..ဟု ပြန်ပြောလေသည်။ ထိုအခါ သိကြားမင်းမှ....... " ဘာပြောတယ်။မင်းဆီကို အင်ဂျင်နီယာက ဘယ်လိုရောက်နေတာလဲ။မင်း ခုချက်ချင်း အဲဒီ အင်ဂျင်နီယာကို ငါ့ ဆီ ကိုပြန်ပို့ လိုက်။ မဟုတ်ရင်တော့ ........မင်းကိုငါတရားစွဲရလိမ့်မယ်..."..ဟု ဒေါသသံဖြင့်ပြောလေသည်။ ထိုစကားကြားပီး ယမမင်းမှ ပြန်ပြောလိုက်တာက...... " ဘာ ပြောတယ် တရားစွဲမယ် ဟုတ်လား။.......ဒါဆိုရင် ခင်ဗျား တရားစွဲဖို့ လိုက်ပေးမဲ့....ရှေ့နေတွေက ဘယ်မှာ ရှိနေတယ် ထင်လို့လဲ...."...တဲ့

ခန္တီ..သည်းခံခြင်းဆိုတာ

ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။ လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။

♥♥လူဆိုတာဒါတွေလိုတယ်♥

♥♥လူဆိုတာဒါတွေလိုတယ်♥ **************************** ♥သင်ဟာ များများပြုံးပါ များများရီပါ…. ♥ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ကိုယ်ပဲလုပ်နိုင်ပါတယ်…. ♥ကိုယ့်ရဲ့ပျော်ရွှင်မှုသခင်ဟာ.ကိုယ်ပဲဖြစ်နိုင်တယ်…. ♥ပေါင်းသင်းရာမှာ ကိုယ့်စိတ်ကိုပျော်ရွှင်မှုပေးနိုင်မဲ့သူသာပေါင်းသင်းပါ…. ♥ကိုယ့်စိတ်ကိုအမြဲတမ်းပျော်ရွှင်နေ၇မယ်.ဒါကြောင့်ပျော်ပျော်နေပါ…. ♥ဘ၀ဆိုတာကျောင်းတော်ကြီးပါ.ဒါကြောင့်ငယ်ရွယ်စဉ်မှာပညာသင်ယူပါ…. ♥ခုဘ၀လက်ရှိမှာပျော်ရွှင်နိုင်ဖို့(အတိတ်ကမငြိမ်းချမ်းခဲ့တာတွေမေ့ပစ်လိုက်ပါ…. ♥ငြင်းခုန်စရာတွေ့တိုင်းသင်ချည်းအနိုင်မယူပါနဲ့သူများကိုလဲအနိုင် ပေးနိုင်ရမယ်…. ♥သင်တယောက်ထဲတော်တယ်.ငါပဲဆရာဆိုတဲ့မာန်မထားရဘူး…. ♥လူတိုင်းကို.ခွင့်လွတ်တတ်မှု နားလည်မှုလေးတွေထားနိုင်၇မယ်…. ♥ဘ၀အတွက်အကောင်းဆုံးကိုသာရှာဖွေ၇မယ်…. ♥မှန်ကန်မဲ့အရာကိုသာလုပ်ပါမှားမယ်ထင်ရင်နောက်ဆုတ်လိုက်ပါ ♥မမှန်ကန်ဘူး အသုံးမ၀င်ဘူး အသုံးမကျဘူး မနှစ်သက်ဘူးဆိုရင် သင့်စိတ်ထဲကနေအမြန်ထုပ်လိုက်ပါ…. ♥ကိုယ့်ဘ၀အတွက်စိတ်အချရဆုံးဟာ ကိုယ့်မိသားစုပါပဲ…. ♥လူဆိုတာတဦးတည်းအထီးကျန်နေလို့မဖြစ်ပါ ဒါကြောင့်…. မိသားစုတွေနဲ့ခနခနဖုန်းပြောပေးပါ…. အနီးရှိသူငယ်ချင်းတွေရဲ့နွေးထွေးမှုကိုရယူပါ…. အတူစားအတူထွက်လယ်ခြင်းပြုလုပ်ရမယ်(ရပ်ဝေးရောက်သူငယ်ချင်းများအတွက်ပါ)…. ♥ကိုယ့်ဘ၀အတွက်စိတ်အချရဆုံးဟာကိုယ့်မိသားစုပါ.(ဲကြောင်ကိုယုံ)ထင်ပြီးတပါးသူကိုအရမ်းမကိုးကွယ်ရဘူး…

♥♥ စိတ်..၂..မျိုးရှိတဲ့မိန်းမ♥♥

1**အလုပ်သွားနေတဲ့အချိန်……အလုပ်မှာကြွားဝါတတ်တယ် အ၀တ်ကောင်း အစားကောင်းတွေစားပြတတ်တယ် အများအထင်ကြီးအောင်ပြောတတ်.. နေပြတတ်တယ်မရှိတာကို၇ှိအောင်ပြောတတ်တယ်……။။ 2**အိမ်ပြန်ေ၇ာက်တဲ့အချိန်……ကိုယ့်ယောက်င်္ကျားေ၇ှ့မှာ.ငြီးညူပြတတ်တယ် အ၀တ်ကောင်း အစားကောင်းမ၀တ်၇ဘူးပြောတတ်တယ် ဖြစ်သလိုနေပြတတ်တယ် မပြုမပြင်ပဲနေပြတတ်တယ် ….. ဒီလိုစိတ်၂မျိုးထားတတ်သောမိန်းမမျိုးကို..အိမ်၇ှင်ယောင်္ကျားလုပ်သူက စိတ်ဓါတ်ကျပြီး. အပြင်မှာလှပသော ပျော်စ၇ာကောင်းသောမိန်းခလေးကို၇ှာတတ်ကြပါတယ်…။

♥♥အရှုံးသမားမဖြစ်အောင်ဲ♥♥

♥♥အရှုံးသမားမဖြစ်အောင်ဲ♥♥ **************************** တယောက်နဲ့တယောက်စကားများနေချိန်မှာတဖက်လူက စိတ်ဆိုးနေပါစေ ကိုယ်ကစိတ်မဆိုး၇ဘူး ကိုယ်ကပြန်ပြီးစိတ်ဆိုးလိုက်၇င် ကိုယ်ကအရှုံးသမားဖြစ်သွားလိုက်မယ်… ရှုံးသူကသာစိတ်ဆိုးတတ်လို့ပါပဲ……။