Jun 30, 2013
ဖေဖေ့ သမီးလေး
ချစ်သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့ မင်္ဂလာဦးညမှာ နှစ်ဦးသား ကတိသစ္စာ တစ်ခုထားကြတယ်။ အဲဒီကတိသစ္စာကတော့ သူတို့ဆီကို ဘယ်သူပဲလာလာ “တံခါးဖွင့် မပေးကြေး” ဆိုတဲ့ကတိပဲဖြစ်ပါတယ်။
ပထဆုံးနေ့မှာတော့ အမျိုးသားရဲ့ မိဘများက သူတို့ကိုကြည့်ရှုဖို့ အခန်းကိုလာပြီး တံခါးခေါက်ပါတယ်။ နှစ်ဦးသား တစ်ဦးကို တစ်ဦး ကြည့်နေကြတယ်။ ချစ်သူတို့နှစ်ယောက် ဘယ်သူကိုမှ ဖွင့်မပေးကြေးလို့ သဘောတူထားတော့ အမျိုးသားက သူ့မိဘတွေပင်ဖြစ်သော်လည်း တံခါးကို ဖွင့်မပေးခဲ့ဘူးတဲ့။
တစ်နေ့တည်းမှာပဲ ရှေ့နောက်ဆိုသလို အမျိုးသမီးများရဲ့ မိဘများက သူတို့ကို ကြည့်ဖို့ တံခါးလာ ခေါက်ပြန်တယ်။ ချစ်သူတို့နှစ်ယောက် တစ်ယောက် တစ်ယောက်ကြည့်နေရင်း အမျိုးသမီးက မျက်ရည်တွေကျလာကာ “ ငါ့မိဘတွေကိုတော့ ဒီလို ငါမလုပ်ရက်ဘူး” အမျိုးသမီးက ပြောပြီး တံခါးကို ဖွင့်ပေးလိုက်တယ်။
အဲဒီအချိန်းတုန်းကတော့ အမျိုးသားက ကတိသစ္စာဖောက်ကာ တံခါးဖွင့်ပေးလိုက်တဲ့ ဇနီးကို ဘာတခွင်းမှ မပြောခဲ့ပါဘူး။
နှစ်တွေအလီလီပြောင်းလို့ သူတို့ဇနီးမောင်နှံမှာ သားလေးယောက်နဲ့နောက်ဆုံး သမီးလေးတစ်ယောက်
မွေးဖွားလာပါတယ်။ တစ်နေ့တော့ အဖေဖြစ်သူက သမီးလေးအတွက် မွေးနေ့ပါတီကို ကြီးကျယ်ခမ်းနားစွာလုပ်ဖို့ သူ့အသိမိတ်ဆွေတွေအားလုံးကို ဖိတ်လိုက်ပါတယ်။ အဲဒီညမှာတော့ သူ့ဇနီးက “ ဘာကြောင့် ထူးထူဆန်းဆန်း သမီးလေးကျမှ မွေးနေ့ပါတီကြီးကျင်းပရတာလဲ၊ သား လေးယောက်တုန်းက မလုပ်ခဲဘူးပဲနဲ့” လို့မေးလိုက်ပါတယ်။
ဒီတော့ အမျိုးသာက ရိုးရိုးပဲဖြေလိုက်ပါတယ် “ သမီးက ငါ့ကို တံခါးဖွင့်ပေးမယ့် သူမဟုတ်လားလို့”
(ဘာသာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment