Jun 30, 2013

တရားစွဲမယ်......

တခါက အင်ဂျင်နီ ယာတစ်ဦး သေဆုံးသွား ရာ ငရဲပြည်သို့ မှားယွင်းပီး ကျလေ၏။ ထိုအခါ အင်ဂျင်နီယာဖြစ်သူသည် ငရဲပြည် တွင် နေထိုင် ရသည်မှာ ဒုတ်က္ခ အကြီးအကျယ်ရောက်သဖြင့်..... လေအေးပေးစက်များ တပ်ဆင်ခြင်း ၊ ဓါတ်လှေကားများ တပ်ဆင်ခြင်း ၊ နှင့် အခြားလိုအပ်သော ခေတ်မီ ကရိယာများကို တည်ဆောက်တပ်ဆင်လေသည်။ တစ်နေ့တွင် နတ်ပြည်ရှိ သိကြားမင်းမှ ငရဲ ဘုံရှိ ယမမင်းထံ ဖုန်းဆက် ၍ အခြေအနေကိုမေး၏။ ထိုအခါ ယမမင်းမှ အားရ၀မ်းသာနှင့်....... " အေးဗျ။ အားလုံးအဆင်ပြေတယ်။ အခု အသစ်ရောက် လာတဲ့ အင်ဂျင်နီယာက ငရဲဘုံ တစ်ခုလုံး ပြုပြင်လိုက်တာ အရင်ကနဲ့ ဘာမှမဆိုင်တော့ဖူး ....သိကြားမင်းရေ........"..ဟု ပြန်ပြောလေသည်။ ထိုအခါ သိကြားမင်းမှ....... " ဘာပြောတယ်။မင်းဆီကို အင်ဂျင်နီယာက ဘယ်လိုရောက်နေတာလဲ။မင်း ခုချက်ချင်း အဲဒီ အင်ဂျင်နီယာကို ငါ့ ဆီ ကိုပြန်ပို့ လိုက်။ မဟုတ်ရင်တော့ ........မင်းကိုငါတရားစွဲရလိမ့်မယ်..."..ဟု ဒေါသသံဖြင့်ပြောလေသည်။ ထိုစကားကြားပီး ယမမင်းမှ ပြန်ပြောလိုက်တာက...... " ဘာ ပြောတယ် တရားစွဲမယ် ဟုတ်လား။.......ဒါဆိုရင် ခင်ဗျား တရားစွဲဖို့ လိုက်ပေးမဲ့....ရှေ့နေတွေက ဘယ်မှာ ရှိနေတယ် ထင်လို့လဲ...."...တဲ့

No comments:

Post a Comment