Jul 6, 2013
ပက္ခဒိန-ပြက္ခဒိန်
ပြက္ခဒိန်ဆိုသည်မှာ နေ လ ကမ္ဘာတို့၏ သွားလာရွေ့လျှားမှုကို နောက်မှလိုက်၍ မှတ်တမ်းတင်ထားသော အရာတစ်ခုဖြစ်သည်။ ပြက္ခဒိန်တစ်ခု၏ အခြေခံမူလ တွက်ချက်ထားမှုသည် အဓိကအားဖြင့် နေနှင့်ကမ္ဘာကို အခြေခံ၍ တည်ဆောက်ထားသည်။
မြန်မာပြက္ခဒိန်သည် လကိုအခြေခံထားသည်။ ယခုနိုင်ငံတကာသုံး အင်္ဂလိပ်ပြက္ခဒိန်သည် အင်္ဂလိပ်ပြက္ခဒိန် မူရင်းမဟုတ်ပါ။ အီဂျစ်ပြက္ခဒိန်ကိုယူ၍ ရောမနိုင်ငံ ပုတ်ရဟန်းမင်းကြီး ဂါရီဂိုရီက အတတ်နိုင်ဆုံး အမှား အယွင်းနည်းအောင် ပြုလုပ်ခဲ့သည်။
ကမ္ဘာသည် နေကိုတပတ်ပတ်မိရင် (၃၆၅) ရက် (၅) နာရီ (၄၈) မိနစ် (၄၆.၄) စက္ကန့်ထိကြာသည်။ သို့သော် တနှစ်၏ ရက်ကို တွက်ချက်ရာတွင် လွယ်ကူအောင် (၃၆၅) ရက်ဟု ယေဘုယျ သတ်မှတ်ထားခဲ့သည်။ ကျန်တဲ့ နာရီကို (၄) နှစ်တစ်ကြိမ်၊ မိနစ်ကို နှစ် (၁၀၀) တစ်ကြိမ်၊ စက္ကန့်ကို နှစ် (၁၀၀၀) တစ်ကြိမ်ကျစီ လိုနေတဲ့ နာရီ၊ မိနစ်၊ စက္ကန့်များကို ထပ်ဖြည့်ပေးရသည်။
ကမ္ဘာသည် မိမိဝင်ရိုးပေါ်တွင် တရက်လျှင် (၂၄) နာရီ၊ (၃၆၀ံ) ဟုဆိုရစေကာမူ ကမ္ဘာသည် တစက္ကန့်လျှင် (၁၈) မိုင်နှုန်းဖြင့် နေကိုလှည့်ပတ်နေသောကြောင့် (၃၆၀ံ) သို့မဟုတ် (၂၄) နာရီ၊ (၄) မိနစ်ကျ နေ၏ တရက်နှင့် ညီလာသည်။ (၁ံ) (၄)မိနစ်ကျ နေ့စဉ်အကြွေး ဆပ်နေရသည်။ ပိုနေပြီး မရေတွက်သည့် နာရီ၊ မိနစ်၊ စက္ကန့် များကို ပေါင်းယူပါက တနှစ်လျှင် (၁၁)ရက် ပိုထွက်လာသည်။
သို့အတွက် (၃)နှစ်တကြိမ် မြန်မာလတွေမှာ ၀ါထပ်ပေးရသည်။ ကမ္ဘာမြေကြီးက မိမိဝင်ရုံးစွန်းပေါ်မှာ လှည့်ပတ်နေခြင်းကို နေ့နှင့်ညဟုခေါ်သည်။ လသည် ကမ္ဘာမြေကို လှည့်ပတ်၍ တပတ်ပြည့်သောအချိန်ကို တလဟုခေါ်သည်။ ကမ္ဘာမြေကြီးက နေကို လှည့်ပတ်၍ တပတ်ပြည့်ခြင်းကို တနှစ်ဟုခေါ်သည်။
(ကိုပညာ-ဗန်းမော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment