တလောက ဂိုဒေါင်ရှင်းရင်းနဲ့ကားတာယာ အဟောင်းနှစ်လုံးထွက်လာတယ်။ တာယာတွေက ခပ်လတ်လတ်ရယ်။ သုံးမယ်ဆိုသုံးလို့ရသေးတယ်။ ဒါနဲ့ အသုံးတည့်မယ့်သူရှိရင် ယူသွားလို့ရအောင်“အမှိုက်”လို့ ရေးပြီး ခြံပေါက်ဝအပြင်ဘက်မှာ ချထားလိုက်တယ်။
တစ်လသာကျော်သွားတယ်။ ယူမယ့်သူ မရှိဘူး။ စိတ်ပေါက်ပေါက်နဲ့ တာယာနှစ်လုံးပေါ်“ရောင်းမည်။ တစ်လုံး ၂၀၀ ကျပ်”လို့ ပြင်ရေးပြီး ပြန်ချထားလိုက်တယ်။
ဘာပြောကောင်းမလဲ။ နောက်တစ်နေ့မနက် တာယာတွေ မရှိတော့ဘူး။ ခိုးခံလိုက်ရတာ.......'D
No comments:
Post a Comment