Jul 1, 2013

ပြည်သူ့ သဘောထား....

ရန်ကုန် က ဆောက် လက်စ အဆောက် အဦ တစ်ခု ပေါ်မှ အုတ်ခဲ တစ်လုံး လမ်းသွား တစ်ဦး. ခေါင်းပေါ်သို့ တည့်တည့် ကျသည်၊ ဒဏ်ရာ ပြင်း၍ ပွဲချင်းပြီး သေဆုံး သွားသည်၊ လူအုပ်ကြီး ၀ိုင်းလာ ကာ တစ်ယောက် တစ်ပေါက် မကျေမနပ်ပြောကြသည်၊ “လမ်းတောင် လွတ်လွတ်လပ်လပ် လျှောက်လို့မရတော့ဘူး ” “တာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်နေတော့ မှာလား။” “ပြည်သူတွေ အတွက်လည်း စဉ်းစားကြပါအုံး၊” ထိုသို့ ပြောဆိုနေစဉ် လူအုပ်ကြားမှ လူတစ်ယောက်က “သူ့ကိုကျနော် ကောင်းကောင်း သိတယ်ဗျ။ ဒီလူ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက လူတစ်ယောက်ဘဲ။” လူအုပ်ကြီးထဲမှ မကျေနပ်သံများ ပို၍ကျယ်ကျယ်လောင်လောင် ထွက်လာတော့သည်၊ “အဲဒီကြံဖွတ်တွေ လွန်ကို လွန်လွန်းတယ်။ ဘယ်သွားသွား သူတိုချည်းပဲ။ အခုကြည့်လေ အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျဖို့နေရာ မရှိဘူး၊”......တဲ့...D

No comments:

Post a Comment